Mircrosoft ရဲ့ Forza Racing Game Series ဟာ လက်ရှိ XBox နဲ့ PC Racing Game တွေထဲမှာ အကောင်းဆုံးထဲကတစ်ခုလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Forza Series Racing Game ဟာ Android နဲ့ iOS ပေါ်မှာ မကြာခင်ရရှိလာတော့မှာပါ။

Microsoft ကနေ မိတ်ဆက်သွားမယ့် Forza Racing Game ကိုတော့ Forza Street လို့ နာမည်ပေးထားပြီးတော့ လာမယ့် မေလ ၅ ရက်နေ့မှာ စတင်ဆော့ကစားနိုင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ မေလ ၅ ရက်နေ့နဲ့ ဇွန်လ ၅ ရက်နေ့ကြားထဲမှာ ဆော့ကစားတဲ့သူတွေကလည်း Founder’s Pack ဆိုတဲ့ လက်ဆောင်တစ်ခုကို ရရှိဦးမှာပါ။

အဆိုပါ Founder’s Park ထဲမှာ 2017 Ford GT အပြင် In-Game Credit နဲ့ Gold တွေပါဝင်မယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Xbox Live Sign-in နဲ့ တခြားသော Cross-save Function တွေကိုပါ Support ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး နာမည်ကြီး Forza Street Racing game ကို Android နဲ့ iOS မှာ အခုအချိန်ကစတင်ပြီးတော့ Play Store နဲ့ App Store မှာ Pre-register ပြုလုပ်နိုင်ပါပြီ။

Ref – Android Authority