[Zawgyi]

Motorola RAZR ရဲ႕ ေခါက္ဖုန္းပုံစံ Foldable အေၾကာင္းက သတင္းထြက္ခဲ့တာ ၾကာပါၿပီ။ ခန႔္မွန္းေရးဆြဲထားတဲ့ ႐ုပ္ပုံေတြကိုၾကည့္ၿပီးေတာ့ပဲ Motorola RAZR Foldable ရဲ႕ ပုံစံကို ေဖာ္ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေအာက္တိုဘာလ ေနာက္ဆုံးရက္မွာေတာ့ Motorola RAZR Foldable ရဲ႕ ပုံစံအစစ္အမွန္က ေပါက္ၾကားထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

အခုေပါက္ၾကားလာတဲ့ ႐ုပ္ပုံေတြက စာနယ္ဇင္းမွာေဖာ္ျပမယ့္ တရားဝင္ပုံရိပ္ေတြလို႔ သိရပါတယ္။ စမတ္ဖုန္းကို ႏိုင္ငံတကာေဈးကြက္ဆီ ပို႔ေဆာင္ဖို႔ကလည္း ရက္သတၱပတ္ ႏွစ္ပတ္ေလာက္ပဲ လိုေတာ့တာေၾကာင့္ အခုလို ေပါက္ၾကားလာခဲ့တာလည္း ျဖစ္ပါတယ္။ အခ်ိဳ႕ပုံေတြကေတာ့ Motorola ကိုယ္တိုင္က မီဒီယာေတြဆီ ဖိတ္ရင္းနဲ႔ ပို႔ခဲ့တာလို႔ သိရပါတယ္။

Motorola foldable ကို ျမင္ျမင္ခ်င္းမွာပဲ လြန္ခဲ့တဲ့ ၁၅ ႏွစ္ျဖစ္တဲ့ ၂၀၀၄ ခုႏွစ္က ထုတ္ခဲ့တဲ့ RAZR V3 ကို သြားၿပီး သတိရေစပါတယ္။ ျပင္ပပုံသ႑ာန္အရ အေတာ္ေလးကို ဆင္တူတာကိုေတြ႕ျမင္ရမွာပါ။ ဒါေပမယ့္ နည္းပညာပိုင္းဆိုင္ရာမွာေတာ့ လြန္ခဲ့တဲ့ ၁၅ ႏွစ္တုန္းကနဲ႔ တျခားစီ ျဖစ္သြားခဲ့ရပါၿပီ။ ၂၀၁၉ နဲ႔လိုက္ဖက္တဲ့ နည္းပညာေတြနဲ႔ ေခတ္ေဟာင္းပုံစံ ဖုန္းတစ္လုံးကို ျမင္ေတြ႕ရမွာပါ။

Motorola RAZR Foldable ဟာ 6.2-inch flexible OLED display ကို တပ္ဆင္ထားတာပါ။ ခါးလည္က ေခါက္ခ်ိဳးရမယ့္ေနရာမွာ ပတၱာကို ဒီဇိုင္းျပန္လုပ္ထားပါတယ္။ ဖုန္းရဲ႕ အေပၚဘက္နဲ႔ ေအာက္ဘက္ Bezel ေတြကေတာ့ ေခတ္ေဟာင္းေခါက္ဖုန္းအတိုင္းမို႔ ခပ္ႀကီးႀကီးေတြ အျဖစ္ ျမင္ေတြ႕ရမွာပါ။

အရင္ကသတင္းထြက္ခဲ့တဲ့အတိုင္းဘဲ ေက်ာဘက္မွာ အပိုမ်က္ႏွာျပင္အေသးတစ္ခု ထည့္သြင္းေပးထားပါတယ္။ ေခါက္သိမ္းထားတဲ့အခ်ိန္မွာ ေက်ာဘက္မ်က္ႏွာျပင္က အေပၚဘက္မွာ အေရွ႕မ်က္ႏွာျပင္ပုံစံနဲ႔ရွိေနတာေၾကာင့္ စာတိုေတြ၊ သတိေပးခ်က္ေတြကို အလြယ္တကူ ၾကည့္ရႈႏိုင္ပါလိမ့္မယ္။ ဒုတိယ မ်က္ႏွာျပင္အေသးေလးကေတာ့ 2.7-inch ရွိတယ္လို႔ သိရပါတယ္။

ကင္မရာပိုင္းဆိုင္ရာနဲ႔ပတ္သက္ၿပီး အေသးစိတ္မသိရေသးေပမယ့္ 48MP အေနာက္ကင္မရာတစ္လုံး တပ္ဆင္ေပးထားတယ္လို႔ေတာ့ ေကာလာဟလထြက္ထားပါတယ္။ အတြင္းအစိတ္အပိုင္းအေနနဲ႔ Snapdragon 710 SoC ကို သုံးထားဖြယ္ရွိတယ္လို႔ပဲ ခန႔္မွန္းရပါတယ္။ ဒါေပမယ့္ မၾကာခင္ရက္ပိုင္းအတြင္း အခ်က္အလက္ေတြ ထြက္ေပၚလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Phone Arena

[Unicode]

Motorola RAZR Foldable ရဲ့ တရားဝင်ရုပ်ပုံ ပေါက်ကြားလာပြီ

Motorola RAZR ရဲ့ ခေါက်ဖုန်းပုံစံ Foldable အကြောင်းက သတင်းထွက်ခဲ့တာ ကြာပါပြီ။ ခန့်မှန်းရေးဆွဲထားတဲ့ ရုပ်ပုံတွေကိုကြည့်ပြီးတော့ပဲ Motorola RAZR Foldable ရဲ့ ပုံစံကို ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အောက်တိုဘာလ နောက်ဆုံးရက်မှာတော့ Motorola RAZR Foldable ရဲ့ ပုံစံအစစ်အမှန်က ပေါက်ကြားထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

အခုပေါက်ကြားလာတဲ့ ရုပ်ပုံတွေက စာနယ်ဇင်းမှာဖော်ပြမယ့် တရားဝင်ပုံရိပ်တွေလို့ သိရပါတယ်။ စမတ်ဖုန်းကို နိုင်ငံတကာဈေးကွက်ဆီ ပို့ဆောင်ဖို့ကလည်း ရက်သတ္တပတ် နှစ်ပတ်လောက်ပဲ လိုတော့တာကြောင့် အခုလို ပေါက်ကြားလာခဲ့တာလည်း ဖြစ်ပါတယ်။ အချို့ပုံတွေကတော့ Motorola ကိုယ်တိုင်က မီဒီယာတွေဆီ ဖိတ်ရင်းနဲ့ ပို့ခဲ့တာလို့ သိရပါတယ်။

Motorola foldable ကို မြင်မြင်ချင်းမှာပဲ လွန်ခဲ့တဲ့ ၁၅ နှစ်ဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထုတ်ခဲ့တဲ့ RAZR V3 ကို သွားပြီး သတိရစေပါတယ်။ ပြင်ပပုံသဏ္ဍာန်အရ အတော်လေးကို ဆင်တူတာကိုတွေ့မြင်ရမှာပါ။ ဒါပေမယ့် နည်းပညာပိုင်းဆိုင်ရာမှာတော့ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကနဲ့ တခြားစီ ဖြစ်သွားခဲ့ရပါပြီ။ ၂၀၁၉ နဲ့လိုက်ဖက်တဲ့ နည်းပညာတွေနဲ့ ခေတ်ဟောင်းပုံစံ ဖုန်းတစ်လုံးကို မြင်တွေ့ရမှာပါ။

Motorola RAZR Foldable ဟာ 6.2-inch flexible OLED display ကို တပ်ဆင်ထားတာပါ။ ခါးလည်က ခေါက်ချိုးရမယ့်နေရာမှာ ပတ္တာကို ဒီဇိုင်းပြန်လုပ်ထားပါတယ်။ ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက် Bezel တွေကတော့ ခေတ်ဟောင်းခေါက်ဖုန်းအတိုင်းမို့ ခပ်ကြီးကြီးတွေ အဖြစ် မြင်တွေ့ရမှာပါ။

အရင်ကသတင်းထွက်ခဲ့တဲ့အတိုင်းဘဲ ကျောဘက်မှာ အပိုမျက်နှာပြင်အသေးတစ်ခု ထည့်သွင်းပေးထားပါတယ်။ ခေါက်သိမ်းထားတဲ့အချိန်မှာ ကျောဘက်မျက်နှာပြင်က အပေါ်ဘက်မှာ အရှေ့မျက်နှာပြင်ပုံစံနဲ့ရှိနေတာကြောင့် စာတိုတွေ၊ သတိပေးချက်တွေကို အလွယ်တကူ ကြည့်ရှုနိုင်ပါလိမ့်မယ်။ ဒုတိယ မျက်နှာပြင်အသေးလေးကတော့ 2.7-inch ရှိတယ်လို့ သိရပါတယ်။

ကင်မရာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပေမယ့် 48MP အနောက်ကင်မရာတစ်လုံး တပ်ဆင်ပေးထားတယ်လို့တော့ ကောလာဟလထွက်ထားပါတယ်။ အတွင်းအစိတ်အပိုင်းအနေနဲ့ Snapdragon 710 SoC ကို သုံးထားဖွယ်ရှိတယ်လို့ပဲ ခန့်မှန်းရပါတယ်။ ဒါပေမယ့် မကြာခင်ရက်ပိုင်းအတွင်း အချက်အလက်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena