Qualcomm ဟာ Snapdragon 8 Gen 1 Chipset ကို လက်ရှိ Flagship စမတ်ဖုန်းတွေမှာ အသုံးပြုထားပေမယ့် Heat တက်တာလိုမျိုး ပြဿနာတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကလည်း Snapdragon 8 Gen 1 Chipset ဟာ Samsung ရဲ့ 4nm Architecture Node တွေကို အခြေခံထားတာကြောင့်ဆိုပြီး ဝေဖန်နေကြတာဖြစ်ပါတယ်။

ဒါကြောင့် Qualcomm ကနေ Samsung အစား TSMC ရဲ့ 4nm Architecture Node တွေကို အခြေခံထားမယ့် Snapdragon 8 Gen 1+ Chipset ကို ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ အဆိုပါ Snapdragon 8 Gen 1+ Chipset အသုံးပြုထားတဲ့ စမတ်ဖုန်းကို ထင်ထားတာထက်စောပြီး မြင်တွေ့ရမှာဖြစ်ပါတယ်။

အခုသတင်းကိုတော့ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Supply Chain တစ်ခုကနေ ပေါက်ကြားခဲ့တာဖြစ်ပြီး Snapdragon 8 Gen 1+ Chipset သုံးထားတဲ့စမတ်ဖုန်းဟာ လာမယ့်ဇွန်လအတွင်းမှာ မိတ်ဆက်သွားမယ်လို့ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်စမတ်ဖုန်းဖြစ်လာမလဲဆိုတာကိုတော့မသိရသေးဘဲ တရုတ်နိုင်ငံမှာအရင်ဆုံးမိတ်ဆက်သွားမှာပါ။

လောလောဆယ်မှာ ထွက်ရှိနေတဲ့သတင်းတွေအရတော့ OnePlus 10 Ultra စမတ်ဖုန်းဟာ ပထမဆုံးသော Snapdragon 8 Gen 1+ Chipset ကို အသုံးပြုထားတဲ့စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ Xiaomi 12 Ultra ဖုန်းကလည်း Snapdragon 8 Gen 1+ Chipset ကို အသုံးပြုလာဖို့ သေချာနေတာကြောင့် ဘယ်ဖုန်းက အရင်ဆုံးမိတ်ဆက်သွားမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Qualcomm ဟာ Snapdragon 8 Gen 1+ Chipset ကို လာမယ့် မေလမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး အဆိုပါအချိန်ကြရင် ဘယ်ဖုန်းက အရင်ဆုံးမိတ်ဆက်မလဲဆိုတာကိုပါ သိရှိရနိုင်ပါတယ်။

Ref – GSM Arena