[Zawgyi]

Xiaomi က ေပးရတဲ့ ေစ်းထက္ တန္တဲ့ စမတ္ဖုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ရာမွာ နာမည္ႀကီးပါတယ္။ Xiaomi Mi 9 ဟာ Snapdragon 855 Chipset ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ အခုလည္း 64MP Camera ပါတဲ့ ပထမဆံုး စမတ္ဖုန္းကို ေရွာင္မီက ထုတ္လုပ္ေရာင္းခ်ႏုိင္ပါတယ္။

XDA Developers က ေနာက္ထုတ္မယ့္ MIUI 10 ရဲ႕ Developer Kit မွ Camera App ရဲ႕ ကုဒ္မ်ားမွာ ဒီအေထာက္အထားမ်ားကို ေတြ႕ရတယ္လို႔ ေျပာပါတယ္။ MIUI ဟာ Android ကို ဆန္းသစ္ထားတဲ့ ေရွာင္မီရဲ႕ User Interface ျဖစ္ပါတယ္။ ကုဒ္မ်ားမွာ 64MP Photography ကို ရည္ညႊန္းထားတဲ့ လိုင္းေၾကာင္းမ်ားစြာ ပါပါတယ္။

Samsung က မၾကာခင္ကပဲ စမတ္ဖုန္းမ်ားအတြက္ 64MP Sensor ကို ေၾကညာခဲ့ပါတယ္။ Samsung Galaxy A70 S မွာလည္း အဲဒီ ကင္မရာကို အသံုးျပဳထားမယ္လုိ႔ သတင္းထြက္ေနပါတယ္။ Samsung Galaxy Note 10 မွာေတာ့ 64MP Camera မပါဘူးလို႔ သိရပါတယ္။ 64MP Camera ပါမယ့္ ဆမ္ေဆာင္းရဲ႕ စမတ္ဖုန္းကို ဘယ္အခ်ိန္မွာ ေၾကညာမလဲ ဆိုတာကို မသိရေသးပါဘူး။ 64MP Camera ထည့္သြင္းထားမယ့္ စမတ္ဖုန္းမ်ားကို ဘယ္ကုမၸဏီမ်ားက ဖန္တီးေနသလဲ ဆိုတာကိုလည္း မသိရေသးပါဘူး။

Xiaomi Mi 10 မွာလည္း 64MP Camera ပါလာႏိုင္ပါတယ္။ ဒါေပမယ့္ သူ႔ကို ေၾကညာဖို႔ အခ်ိန္ မ်ားစြာ လိုအပ္ေနပါေသးတယ္။ ေရွာင္မီရဲ႕ ဘရန္းခြဲ Redmi ကလည္း 64MP Camera ပါတဲ့ စမတ္ဖုန္းကို ဖန္တီးေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

Ref : techradar

[Unicode]

64MP Camera ပါတဲ့ ပထမဆုံး စမတ်ဖုန်းဟာ Xiaomi ကနေ ဖြစ်နိုင်

Xiaomi က ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချရာမှာ နာမည်ကြီးပါတယ်။ Xiaomi Mi 9 ဟာ Snapdragon 855 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အခုလည်း 64MP Camera ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ရှောင်မီက ထုတ်လုပ်ရောင်းချနိုင်ပါတယ်။


XDA Developers က နောက်ထုတ်မယ့် MIUI 10 ရဲ့ Developer Kit မှ Camera App ရဲ့ ကုဒ်များမှာ ဒီအထောက်အထားများကို တွေ့ရတယ်လို့ ပြောပါတယ်။ MIUI ဟာ Android ကို ဆန်းသစ်ထားတဲ့ ရှောင်မီရဲ့ User Interface ဖြစ်ပါတယ်။ ကုဒ်များမှာ 64MP Photography ကို ရည်ညွှန်းထားတဲ့ လိုင်းကြောင်းများစွာ ပါပါတယ်။
Samsung က မကြာခင်ကပဲ စမတ်ဖုန်းများအတွက် 64MP Sensor ကို ကြေညာခဲ့ပါတယ်။ Samsung Galaxy A70 S မှာလည်း အဲဒီ ကင်မရာကို အသုံးပြုထားမယ်လို့ သတင်းထွက်နေပါတယ်။ Samsung Galaxy Note 10 မှာတော့ 64MP Camera မပါဘူးလို့ သိရပါတယ်။ 64MP Camera ပါမယ့် ဆမ်ဆောင်းရဲ့ စမတ်ဖုန်းကို ဘယ်အချိန်မှာ ကြေညာမလဲ ဆိုတာကို မသိရသေးပါဘူး။ 64MP Camera ထည့်သွင်းထားမယ့် စမတ်ဖုန်းများကို ဘယ်ကုမ္ပဏီများက ဖန်တီးနေသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။


Xiaomi Mi 10 မှာလည်း 64MP Camera ပါလာနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ကြေညာဖို့ အချိန် များစွာ လိုအပ်နေပါသေးတယ်။ ရှောင်မီရဲ့ ဘရန်းခွဲ Redmi ကလည်း 64MP Camera ပါတဲ့ စမတ်ဖုန်းကို ဖန်တီးနေတယ်လို့လည်း သတင်းထွက်နေပါတယ်။
Ref : techradar