[Zawgyi]

အရင္ေခတ္က ေခါက္ခ်ိဳး ဖုန္းေတြဟာ ဒီဇိုင္းလွပၿပီး ေခါက္ခ်ိဳးထားရင္ ကိုင္ေဆာင္ရတာ အရမ္းကို က်စ္လစ္ေသးငယ္ပါတယ္။ အခုေတာ့ အဲဒီ အရသာကို ျပန္လည္ ခံစားႏုိင္မယ့္ Motorola Razr Foldable ဖုန္း ထြက္လာပါၿပီ။ အရင္ေခတ္က ေခါက္ခ်ိဳးဖုန္း ဒီဇိုင္း ျဖစ္ေပမယ့္ နည္းပညာ ျမင့္မားတဲ့ Flexible Display ထည့္သြင္းထားပါတယ္။ နည္းပညာ လန္းသလို ေစ်းကလည္း မေသးပါဘူး။ အေမရိကန္မွာ ေဒၚလာ ၁,၅၀၀ သတ္မွတ္ထားၿပီး ျမန္မာေငြနဲ႔တြက္ရင္ ၂၂ သိန္းေလာက္ရွိပါတယ္။

Razr ရဲ႕ အလန္းဆံုး အစိတ္အပိုင္းက ၆.၂ လက္မ “Flex View” OLED Display ျဖစ္ၿပီး 2,142x876p Resolution ျဖစ္ပါတယ္။ ဒါဟာ အတြင္းဘက္ ပင္မ Display ျဖစ္ၿပီး ထက္၀က္ေခါက္ခ်ိဳးႏုိင္ပါတယ္။ အျပင္ဘက္မွာ ဒုတိယ “Quick View” Display တပ္ဆင္ထားၿပီး ၂.၇ လက္မ 600x800p Resolution ျဖစ္ပါတယ္။ အဲဒီ Display ကေန Notification ၾကည့္တာ၊ Google Assistant သံုးတာ၊ Camera Viewfinder လို သံုးတာနဲ႔ တျခား အလုပ္ေတြ လုပ္ႏုိင္ပါတယ္။ 2,510mAh Battery က ေသးငယ္တဲ့အတြက္ Resolution နိမ့္တာနဲ႔ အဆင္ေျပပါတယ္။

အဲဒီ ဖုန္းမွာ Snapdragon 710 Chipset ေမာင္းႏွင္ထားပါတယ္။ 6GB RAM နဲ႔ 128GB Storage ေတြ ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ 16MP Main Camera နဲ႔ အေရွ႕ဘက္မွာ 5MP Selfie Camera တပ္ဆင္ထားပါတယ္။ Android 9 Pie ေမာင္းႏွင္ထားပါတယ္။

USB-C Earbuds ထည့္ေပးထားၿပီး အေမရိကန္မွာ Verizon ကေနပဲ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ ႀကိဳတင္မွာယူႏိုင္မွာ ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီလ ၉ ရက္ေန႔မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ eSIM ကိုပဲ ေထာက္ပံ့တဲ့အတြက္ သင္ သံုးေနတဲ့ လက္ရွိ SIM Card ေတြ ထည့္လို႔ မရပါဘူး။

Ref : androidpolice

[Unicode]

၂၂ သိန်းလောက်ရှိတဲ့ Motorola Razr Foldable ဖုန်းကို မိတ်ဆက်လိုက်ပြီ

အရင်ခေတ်က ခေါက်ချိုး ဖုန်းတွေဟာ ဒီဇိုင်းလှပပြီး ခေါက်ချိုးထားရင် ကိုင်ဆောင်ရတာ အရမ်းကို ကျစ်လစ်သေးငယ်ပါတယ်။ အခုတော့ အဲဒီ အရသာကို ပြန်လည် ခံစားနိုင်မယ့် Motorola Razr Foldable ဖုန်း ထွက်လာပါပြီ။ အရင်ခေတ်က ခေါက်ချိုးဖုန်း ဒီဇိုင်း ဖြစ်ပေမယ့် နည်းပညာ မြင့်မားတဲ့ Flexible Display ထည့်သွင်းထားပါတယ်။ နည်းပညာ လန်းသလို ဈေးကလည်း မသေးပါဘူး။ အမေရိကန်မှာ ဒေါ်လာ ၁,၅၀၀ သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၂၂ သိန်းလောက်ရှိပါတယ်။

Razr ရဲ့ အလန်းဆုံး အစိတ်အပိုင်းက ၆.၂ လက်မ “Flex View” OLED Display ဖြစ်ပြီး 2,142x876p Resolution ဖြစ်ပါတယ်။ ဒါဟာ အတွင်းဘက် ပင်မ Display ဖြစ်ပြီး ထက်ဝက်ခေါက်ချိုးနိုင်ပါတယ်။ အပြင်ဘက်မှာ ဒုတိယ “Quick View” Display တပ်ဆင်ထားပြီး ၂.၇ လက်မ 600x800p Resolution ဖြစ်ပါတယ်။ အဲဒီ Display ကနေ Notification ကြည့်တာ၊ Google Assistant သုံးတာ၊ Camera Viewfinder လို သုံးတာနဲ့ တခြား အလုပ်တွေ လုပ်နိုင်ပါတယ်။ 2,510mAh Battery က သေးငယ်တဲ့အတွက် Resolution နိမ့်တာနဲ့ အဆင်ပြေပါတယ်။

အဲဒီ ဖုန်းမှာ Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 16MP Main Camera နဲ့ အရှေ့ဘက်မှာ 5MP Selfie Camera တပ်ဆင်ထားပါတယ်။ Android 9 Pie မောင်းနှင်ထားပါတယ်။

USB-C Earbuds ထည့်ပေးထားပြီး အမေရိကန်မှာ Verizon ကနေပဲ ရောင်းချမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ eSIM ကိုပဲ ထောက်ပံ့တဲ့အတွက် သင် သုံးနေတဲ့ လက်ရှိ SIM Card တွေ ထည့်လို့ မရပါဘူး။

Ref : androidpolice