လျှပ်စစ်ကား ဈေးကွက်ဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာပြီး ကားထုတ်လုပ်သူများစွာဟာ လျှပ်စစ်ကားဈေးကွက်ထဲဝင်လာကြပါတယ်။ ဒါပေမယ့် လျှပ်စစ်ကားဈေးကွက်ကို ဦးဆောင်နေတာ Tesla လို့ ပြောရင် မှားပါလိမ့်မယ်။

တရုတ် လျှပ်စစ်ကား ထုတ်လုပ်သူ BYD ဟာ ကမ္ဘာမှာ လျှပ်စစ်ကားရောင်းအား အများဆုံး ဖြစ်နေပါတယ်။ အခုတော့  Ford CEO Jim Farley က  ကုမ္ပဏီရဲ့ လျှပ်စစ်ကား ဈေးကွက်မှာ အကြီးမားဆုံး ပြိုင်ဖက်က BYD လို တရုတ် ကားထုတ်လုပ်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ကားဈေးကွက်ကို နှစ်များစွာကြာ ကုမ္ပဏီ အနည်းငယ်ကပဲ လွှမ်းမိုးထားတာပါ။ အခုတော့ လျှပ်စစ်ကား နည်းပညာက ဒါကို ပြောင်းလဲတော့မှာပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ကားထုတ်လုပ်တဲ့ ကုမ္ပဏီ အသစ်တွေ များသထက် များလာပါတယ်။

Ford CEO Jim Farley က “ တရုတ် ကားကုမ္ပဏီတွေဟာ လျှပ်စစ်ကားဈေးကွက်ကို အုပ်စိုးထားပါတယ်။ Ford ဟာ ကား ဈေးကွက်မှာ အောင်မြင်ချင်ရင် သူတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ တရုတ် ကားထုတ်လုပ်သူတွေဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း လျှပ်စစ်ကားနည်းပညာမှာ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ Ford လည်း သူတို့နဲ့ ယှဉ်ပြိုင်ချင်ရင် လျှပ်စစ်ကား နယ်ပယ်မှာ အများကြီး ရင်းနှီးမြှုပ်နှံရမှာပါ။ “ လို့ ပြောပါတယ်။

Ford CEO Farley: Chinese automakers becoming EV 'powerhouse' | Automotive News

တရုတ် ကားကုမ္ပဏီတွေဟာ ပြိုင်ဖက်တွေထက် ဈေးချိုပြီး စွမ်းရည်မြင့်တဲ့ ဘက်ထရီ နည်းပညာကို တီထွင်နေကြပါတယ်။ ဒါဟာ လျှပ်စစ်ကား ဈေးကွက်မှာ သိသာတဲ့ အားသာချက်ရစေပါတယ်။ တရုတ် ကားကုမ္ပဏီတွေဟာ ပြိုင်ဖက်တွေထက် ကုန်ကျစားရိတ် နည်းပါးကာ အကွာအဝေး ပိုသွားနိုင်တဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်နိုင်ကြပါတယ်။ တရုတ် ကားထုတ်လုပ်သူတွေရဲ့ စိန်ခေါ်မှုကို ခံနေရတာ Ford တစ်ခုထဲ မဟုတ်ပါဘူး။ General Motros , Toyota နဲ့ တခြား နာမည်ကြီး ကားကုမ္ပဏီတွေလည်း ပါနေပါတယ်။

Ref: gizmochina