Samsung Galaxy S22 စီးရီးဟာ သူ့ရှေ့ကမျိုးဆက်ထက် ပိုပြီးကောင်းတဲ့ ကင်မရာတွေပါရှိတယ်ဆိုပေမဲ့ ကင်မရာတွေနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေက မပြီးဆုံးသေးပါဘူး။ Samsung အနေနဲ့ ကင်မရာစွမ်းဆောင်ရည် ပိုပြီးကောင်းမွန်လာစေဖို့ ပိုပြီးမြန်ဆန်တဲ့ Processor သစ်ကို အသုံးချထားတာ ဖြစ်ပါတယ်။

Galaxy S22 စီးရီးရဲ့ ကင်မရာတွေနဲ့ ပတ်သက်ပြီး ရေပန်းစားနေပြန်တာက သူ့ရဲ့ Computational photography ပိုင်းဆိုင်ရာကောင်းမွန်မှုက Instagram, TikTok နဲ့ Snapchat တို့လို ဆိုရှယ်မီဒီယာ Apps တွေနဲ့လည်း ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတာပါပဲ။ ဒါဟာ Samsung Galaxy S Fan တွေရော၊ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေအတွက်ပါ သတင်းကောင်းလို့ ဆိုနိုင်ပါတယ်။

Galaxy S22 နဲ့ S22+ တို့မှာ 50MP 1/1.57” main sensor သစ် ရှိပါတယ်။ ဒါ့အပြင် 10MP 70mm 3x zoom ကင်မရာအသစ်ကိုလည်း S21/S21+ က 64MP Hybrid zoom နေရာမှာ အစားထိုးထားပါတယ်။ တတိယကင်မရာက 12MP fixed-focus ultrawide unit ပါ။

Galaxy S22 Ultra ကလည်း သူ့ရှေ့ကမျိုးဆက်လိုပဲ ကင်မရာအခြေခံအားဖြင့် တူညီပါတယ်။ 108MP အဓိက ကင်မရာ၊ 10MP ကိုယ်စီနဲ့ 3x, 10x tele lens အပြင် Focusing 12MP ultrawide ကို တပ်ဆင်ပေးထားတာပါ။ အဓိကကင်မရာမှာတော့ လုပ်ဆောင်မှုအသစ်တွေ ပါဝင်နေပြီး အလင်းဖမ်းယူမှုနဲ့ အသေးစိတ်အချက်အလက်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် 12MP nona-binned images တွေကို Full-res ပုံတွေနဲ့အတူ သဟဇာတဖြစ်အောင် ပေါင်းစပ်တာမျိုး ဖြစ်ပါတယ်။

Ref: GSM Arena