Samsung က တတိယမျိုးဆက် Foldable တွေ ဖြစ်တဲ့ Galaxy Z Fold3 နဲ့ Galaxy Z Flip3 ကို ရောင်းချထားတာ ၁ လကျော်ပြီ ဖြစ်ပြီး တောင်ကိုရီးယားမှာ စုစုပေါင်း ရောင်းချရတဲ့ အရေအတွက်ဟာ ၁ သန်း ပြည့်တော့မှာပါ။ ဒီ ၁ ပတ်အကုန်မှာ အဲဒီ အရေအတွက် ရောက်ရှိတော့မယ်လို့ Telecom Official တွေက Yonhap သတင်းဌာနကို ပြောပါတယ်။

Samsung Galaxy Z Fold3 and Z Flip3 leak in official-looking renders -  GSMArena.com news

Foldable ဖုန်း ၂ လုံးရဲ့ ရောင်းအားဟာ တော်တော်ကောင်းနေတာ ဖြစ်ပြီး တောင်ကိုရီးယားမှာ အလုံးရေ ၁ သန်း အမြန်ဆုံးရောင်းချနိုင်ခဲ့တဲ့ Galaxy Note 10 နဲ့ Galaxy S8 Series တွေရဲ့ စံချိန်ကို လိုက်နိုင်တာ ဖြစ်ပါတယ်။

Samsung Galaxy Z Fold 3 vs Galaxy Z Flip 3: What's the difference? | Tom's  Guide

အဲဒီ စမတ်ဖုန်း ၂ လုံးထဲမှာ Z Flip3 ဟာ လူကြိုက်ပိုများပြီး Z Fold3 ထက် ရောင်းအား ၂ ဆ ပိုများပါတယ်။ Z Flip3 ဟာ Z Fold3 ထက် ဈေးသက်သာတဲ့အတွက် ရောင်းအားပိုကောင်းတာ မထူးဆန်းပါဘူး။ Z Flip3 ဟာ လက်ရှိအချိန်အထိ တောင်ကိုရီးယားမှာ ရောင်းအား အကောင်းဆုံး Foldable ဖုန်း အဖြစ်လည်း စံချိန်တင်နေပါတယ်။

Z Flip3 ရောင်းအား ကောင်းနေပြီး Snapdragon 888 Chipset အကန့်အသတ် ရှိတာကြောင့် Samsung က Galaxy S21 FE ထုတ်လုပ်ရောင်းချမယ့် အစီအစဉ်ကို ရပ်နားလိုက်တာ ဖြစ်နိုင်ပါတယ်။

Z Fold3 နဲ့ Z Flip3 ရောင်းအား ကောင်းနေတာ မထူးဆန်းပါဘူး။ တောင်ကိုရီးယားမှာ ကြိုတင်မှာယူတဲ့ အလုံးရေဟာ ၉၂၀,၀၀၀ ရှိခဲ့ပြီး Galaxy S21 နဲ့ Note20 Series တွေထက် သာလွန်ခဲ့ပါတယ်။ ပထမဆုံး ရောင်းချတဲ့ နေ့မှာပဲ Activation ပြုလုပ်တဲ့ အရေအတွက်ဟာ ၂၇၀,၀၀၀ ရှိခဲ့ပြီး Galaxy Device တွေအားလုံးထဲမှာ စံချိန်တင်ခဲ့တာပါ။

Ref : gsmarena