ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Magic4 Pro flagship ကို နိုင်ငံတကာဈေးကွက်ထဲ မိတ်ဆက်ပေးလိုက်ပြီးတဲ့နောက် Honor ဟာ သူ့ရဲ့အောင်မြင်မှုမြင့်မားတဲ့ နံပါတ်စီးရီးတွေအတွက် မျိုးဆက်သစ်တွေ ထုတ်နိုင်ဖို့ အာရုံစိုက်လာတာကို တွေ့ရပါတယ်။

Honor 70 series ကို လာမဲ့ မေလ ၃၀ ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပြီး မော်ဒယ်သစ်တွေထဲက တစ်ခုအကြောင်းတောင် နည်းနည်းပါးပါးသိနေရပါပြီ။ ကျောဘက်မှာ Diamond pattern ကို ပြုလုပ်ထားပြီး မတူညီတဲ့ထောင့်တွေကနေ ရောင်စဉ်တွေဖြာထွက်တဲ့ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သေချာကြည့်ရင်တော့ ပုံမှန်မဟုတ်တဲ့ ကင်မရာပုံစံတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

ပင်မကင်မရာ Module မှာ 54MP sensor ပါရှိပါတယ်။ အတော်လေးကိုကြီးမားတဲ့ (1/1.49”) ဖြစ်သလို f/1.9 lens နောက်မှာ အထိုင်ချထားတာလည်း ဖြစ်ပါတယ်။ ဒါဟာ တစ်မူထူးခြားတဲ့ ကြည်လင်ပြတ်သားမှုလို့ ဆိုနိုင်ပါတယ်။ ကောလာဟလအချို့ရဲ့ ဖော်ပြချက်မှာတော့ ဒါဟာ Sony ရဲ့ ထုတ်လုပ်မှုအသစ်လို့ တွေ့ရပါတယ်။

ဗီဒီယိုမှာတော့ Device သစ် ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။ Honor 70, 70 Pro နဲ့ 70 Pro+ သုံးမျိုးနဲ့ Snapdragon 7 Gen 1, Dimensity 8100 နဲ့ Dimensity 9000 cipset အသီးသီး အသုံးပြုလာမယ်လို့လည်း ကောလာဟလ ထွက်နေပါသေးတယ်။ Digital Chat Station ကတော့ 1/1.1” Sony IMX800 sensor (50MP) ဟာ Honor 70 series မှာ ပွဲဦးထွက်လာမယ်လို့ ဆိုခဲ့ဖူးပါတယ်။

Ref: GSM Arena