DisplayMate က iPhone 13 Pro Max ရဲ့ ProMotion မျက်နှာပြင်ကို စမ်းသပ်စစ်ဆေးလိုက်ပြီး ရလာဒ်က အံ့မခန်း ကောင်းပါတယ်။ Apple ရဲ့ စွမ်းရည်မြင့် ဖုန်းဟာ A+ Grade ရသွားပြီး DisplayMate ရဲ့ မျက်နှာပြင် အကောင်းဆုံး စမတ်ဖုန်း အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

Absolute Color Accuracy Plot: sRGBAbsolute Color Accuracy Plot: DCI-P3

iPhone 13 Pro Max မျက်နှာပြင်ဟာ အရောင်နဲ့ ကြည်လင်ပြတ်သားမှု အပိုင်းမှာ အရမ်း ကောင်းမွန်တိကျပါတယ်။ sRGB နဲ့ DCI-P3 Content တွေကို ထောက်ပံ့ပြီး တိကျတဲ့ ပုံရိပ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ မျက်နှာပြင်ဟာ 0.5 JNCD (Just Noticeable Color Difference) ရထားပါတယ်။ ( 1 ထက်နည်းရင် လူ့မျက်လုံးနဲ့ ကွဲပြားခြားနားမှုကို မသိနိုင်ပါဘူး။ )

အရောင် တိကျမှုဟာ Image Content ကြောင့် ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။ Auto Brightness ကို Enable လုပ်ထားပြီး Full White Screen (APL 100%) နဲ့ဆိုရင် မျက်နှာပြင်က sRGB နဲ့ DCI-P3 Color Gamuts ၂ ခုစလုံးအတွက် 1,051 nits ထုတ်လုပ်ပေးနိုင်ပါတယ်။ Auto Brightness ကို Disable လုပ်ထားရင် အမြင့်ဆုံး 846 nits ထောက်ပံ့ပေးပါတယ်။

Testing for color and intensity variations from changing Average Picture LevelTesting for color and intensity variations from changing Average Picture Level

ဒါတင်မကသေးပါဘူး။ iPhone 13 Series တွေဟာ HDR10 နဲ့ Dolby Vision Content တွေကိုလည်း  ထောက်ပံ့ပေးနိုင်ပါတယ်။ HDR Content အတွက် အမြင့်ဆုံး Brightness က 1,200 nits ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အလင်းပြန်မှုဟာ ၄.၆ ရာခိုင်နှုန်းပဲ ရှိပြီး DisplayMate စမ်းသပ်ဖူးသမျှထဲမှာ အနည်းဆုံး ဖြစ်ပါတယ်။ True Tone Mode က ပတ်ဝန်းကျင်က အလင်းရောင်အပေါ်မူတည်ပြီး White Point နဲ့ Color Balance ကို ချိန်ညှိပေးနိုင်ပါတယ်။

မျက်နှာပြင်ကို ရှုထောင့်မျိုးစုံကနေ ကြည့်ရင် ရလာဒ် ကောင်းမွန်ပြီး ၃၀ ဒီဂရီ စောင်းကြည့်တဲ့အခါ Brightness ဟာ ၂၄ ရာခိုင်နှုန်းပဲ ဆုံးရှုံးပါတယ်။ အဲဒီ ရှုထောင့်မှာ White Shift က 3.1 JNCD ရှိပါတယ်။

Ref : gsmarena