Apple iPhone တွေရဲ့ Haptic Feedback ကို ယှဉ်နိုင်တဲ့ Android စမတ်ဖုန်းတွေ ထွက်လာတာ သိပ်မကြာသေးပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်း ထွက်ခဲ့တဲ့ တန်ဖိုးနည်း Android စမတ်ဖုန်းတွေမှာ Haptic Engine တွေ ပိုကောင်းလာပြီး Meizu ကလည်း ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေမှာ အဲဒီ နည်းပညာကို အလေးပေး ထည့်သွင်းခဲ့ပါတယ်။

Meizu 17 ရဲ့ သတင်းတွေ များစွာထွက်ပေါ်နေပြီး အခုတော့ ကုမ္ပဏီက mEngine 3.0 Haptic Feedback Motor ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။ Meizu က ဒီသတင်းကို တရုတ်လူမှုကွန်ရက် ဝီဘိုကနေ မျှဝေလိုက်တာ ဖြစ်ပြီး ပို့စ်မှာ “mEngine 3.0 horizontal linear motor” လို့ ရေးသားဖော်ပြထားပါတယ်။ အဲဒီ အဓိပ္ပါယ်ကို သေချာ မသိရသေးပါဘူး။ Engine အသစ်ဟာ တုန်ခါမှု ပိုတိကျပြီး ပိုအားကောင်းလာမယ်လို့ ထင်ပါတယ်။

Meizu က အဲဒီ ဖုန်းမှာ Custom Samsung AMOLED မျက်နှာပြင် ပါလာမယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။ မျက်နှာပြင်ဟာ 90Hz Refresh Rate ထောက်ပံ့တယ်လို့လည်း အတည်ပြုထားပြီးပါပြီ။ Snapdragon 865 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး  UFS 3.1 Storage ထောက်ပံ့ထားမှာပါ။

ဓါတ်ပုံတွေအရ Meizu 17 မှာ Punch Hole အရွယ်အစား သေးငယ်တာကိုတွေ့ရပါတယ်။  64MP  အပါအဝင် အနောက်ကင်မရာ ၄ လုံးနဲ့  Stereo Speakers တွေ ထည့်သွင်းထားမှာပါ။  30W Fast Charging Support နဲ့  Wi-Fi 6 တွေ ပါလာမှာဖြစ်ပြီး မေလ ၈ ရက်နေ့မှာ တရားဝင် ကြေညာမှာပါ။

Ref : gsmarena