အခုဆိုရင် လူတွေရဲ့ ကျန်းမာရေးကို စောင့်ကြည့်တိုင်းတာပေးနိုင်တဲ့ နည်းပညာတွေကို စမတ်ဖုန်းတွေမှာ ထည့်သွင်းလာကြပါတယ်။ Lava ကလည်း နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတိုင်းတာပေးနိုင်တဲ့ Lava Pulse Feature ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ၁၉၄၉ ရူပီးပဲ ရှိပြီး မြန်မာငွေ ၃ သောင်းခွဲလောက်ပဲ ကျသင့်ပါတယ်။

ဆန်ဆာကို အနောက်ကင်မရာရဲ့ ဘေးဘက်မှာ တပ်ဆင်ထားပြီး သင့်လက်ချောင်းကို အဲဒီအပေါ်တင်လိုက်တာနဲ့ သွေးဖိအားကို တွက်ချက်ပေးမှာပါ။ လက်ချောင်း ကနေ သွေးဖိအားတိုင်းတာတာက သိပ်တော့ မတိကျလှပါဘူး။

Pulse မှာ ၂.၄ လက်မ 240x320p မျက်နှာပြင်ငယ် တပ်ဆင်ထားပြီး 32GB Storage မှာ သီချင်းတွေ သိမ်းနိုင်ပါတယ်။ Video Player ထည့်သွင်းထားပြီး FM Receiver နဲ့ နားကြပ်ပေါက် ပါပါတယ်။ အရွယ်အနည်းငယ်ကြီးတဲ့ 1800mAh ဘက်ထရီ ထည့်ထားပြီး ဘက်ထရီ သက်တမ်းက ၆ ရက် ခံပါတယ်။ Snake အပါအဝင် ဂိမ်းတွေ ထည့်သွင်းထားပြီး Dual SIM ထောက်ပံ့ပေမယ့် Dual Band 2G ဆက်သွယ်မှုပဲ ပါပါတယ်။ အင်တာနက်နဲ့ GPRS တောင် မပါဘဲ Bluetooth ပဲ ပါပါတယ်။

Pulse Lava ကို အိန္ဒိယမှာ Amazon , Flipkart နဲ့ မြေပြင်စတိုးတွေကနေ ရောင်းချပေးမှာပါ။

Ref : gsmarena