ဇူလိုင်လက ကြေညာခဲ့တဲ့ Lenovo Legion Duel ကို ဥရောပမှာ ရောင်းပေးလိုက်ပါပြီ။ Lenovo ရဲ့ အလန်းစား Gaming ဖုန်း ဖြစ်ပြီး Snapdragon 865+ Chipset နဲ့ 144Hz AMOLED မျက်နှာပြင် ပါလာပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၆၅ လက်မ ဖြစ်ပြီး Resolution က FHD+ ရှိပါတယ်။ အဲဒီဖုန်းရဲ့ ထူးခြားချက်က Pop-up ဆဲလ်ဖီး ကင်မရာကို ဘေးဘက်မှာ တပ်ဆင်ထားတာပါ။ Lenovo က အဲဒီဖုန်းကို အလျားလိုက် သုံးဖို့ ဒီဇိုင်းထုတ်ထားတာလို့ ပြောပါတယ်။ Pop-up ဆဲလ်ဖီး ကင်မရာကို သုံးထားတဲ့အတွက် မျက်နှာပြင် ဘောင်‌ပျောက် ဒီဇိုင်းက မိုက်ပါတယ်။

ယူရို ၁,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁၅ သိန်းလောက် ကျသင့်မှာပါ။ တချို့နိုင်ငံတွေမှာ ယူရို ၂၅၀ ကို ၄ ကြိမ် ခွဲသွင်းကာ အရစ်ကျဝယ်ယူနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အဲဒီဖုန်းကို ဝယ်ယူမယ်ဆိုရင် ယူရို ၉၀ တန် Lenovo Smart Clock နဲ့ ယူရို ၁၅၀ တန် Lenovo Yoga ANC On-ear နားကြပ်ကို လျှော့ဈေးတွေနဲ့ ရနိုင်ပါသေးတယ်။

Lenovo Legion Duel မှာ 16GB RAM နဲ့ 512GB UFS 3.1 Storage အထိ ထည့်သွင်းထားပါတယ်။ ဥရောပမှာ ရောင်းတဲ့ 16/512GB မော်ဒယ်မှာ 90W Fast Charging ပါပေမယ့် တခြား မော်ဒယ်တွေမှာ 65W Fast Charging ပဲ ထည့်ပေးထားပါတယ်။

Lenovo Legion Duel ကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း၊ အာရှ ပစိဖိတ်နဲ့ လက်တင် အမေရိကတို့မှာလည်း ရောင်းမယ်လို့ ထင်ပါတယ်။ Lenovo ကတော့ ဘာမှ မပြောသေးပါဘူး။

Ref : gsmarena