Lenovo Legion Pro Version ရဲ့  အသံစနစ်ဟာ လက်ရှိ စမတ်ဖုန်းတွေထဲမှာ အလန်းဆုံး ဖြစ်မယ်လို့ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ Chen Jin က ပြောပါတယ်။ သူက Xiaomi Mi 10 Pro နဲ့ Black Shark 3 Pro တို့ကို သနားတယ်လို့ ကြွားလုံးထုတ်လိုက်ပြီး Legion ရဲ့ စပီကာတွေကို အချိုးညီ တည်ဆောက်ထားတဲ့အတွက် အသံအရည်အသွေး ပိုလန်းတယ်လို့ ပြောပါတယ်။

Legion မှာ အပေါက်ကျယ်ပြီး အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာ ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး အားလုံးကို သတ္တုနဲ့ တည်ဆောက်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Teaser ဗီဒီယိုကို အထက်မှာ လေ့လာနိုင်ပါတယ်။

စပီကာ ၂ လုံးက ဂိမ်းကစားသူတွေ အကြိုက်တွေ့စေမယ့် အသံထွက်တွေကို ထုတ်လုပ်ပေးနိုင်ပြီး သာမာန်ဆိုရင် ဒီလို အသံထွက်မျိုးကို နားကြပ်တပ်ဆင်ထားမှပဲ ခံစားရမှာ ဖြစ်ပါတယ်။ Lenovo Legion နဲ့ Lenovo Legion Pro ၂ လုံးစလုံးမှာ ဝင်ရိုး ၂ ခု  ပါတဲ့ မော်တာတွေ ပါလာမှာ ဖြစ်ပြီး Haptic Feedback ကို ပိုပြီးအားကောင်းစေပါတယ်။

အရင် သတင်းတွေအရ Lenovo Legion မှာလည်း စွမ်းရည်မြင့် စပီကာတွေ ထည့်သွင်းထားမယ်လို့ သိရတဲ့အတွက် ဒီ စနစ်ကို Pro မှာပဲ ထည့်သွင်းထားမလား၊ ရိုးရိုး မော်ဒယ်မှာလည်း ပါလာနိုင်မလားဆိုတာ မသိရသေးပါဘူး။ အဲဒ ဖုန်း ၂ လုံးစလုံးမှာ 144Hz Refresh Rate , SD865+ နဲ့ 90W Fast Charging ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena