[Zawgyi]

၂၀၁၉ ထုတ္ စမတ္ဖုန္းေတြရဲ႕ ဆန္းသစ္တီထြင္မႈေတြထဲမွာ Notch အစား Punch-hole ေတြသုံးလာတာ၊ Under-Display Fingerprint Scanner သုံးလာၾကတာေတြအျပင္ ေနာက္ထပ္တစ္မ်ိဳးကို ထပ္ၿပီး ထည့္သြင္းရပါေတာ့မယ္။ အဲဒါကေတာ့ မ်က္ႏွာျပင္ တုန္ခါမႈကေနတစ္ဆင့္ အသံထြက္ေအာင္ ျပဳလုပ္တာပဲ ျဖစ္ပါတယ္။

ကိုရီးယားရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ LG ဟာ သူတို႔ရဲ႕ ၂၀၁၉ Flagship ဖုန္းျဖစ္တဲ့ LG G8 ThinQ မွာ Earpiece Speaker အစား “Sound on Display” အျဖစ္ မ်က္ႏွာျပင္တုန္ခါမႈကေန အသံထုတ္လႊတ္ေပးတဲ့ နည္းပညာကို အသုံးျပဳမယ္လို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ ပါေသးတယ္။

အခုေတာ့ LG ေျပာဆိုခ်က္အရ G8 မွာ Crystal Sound OLED (CSO) ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဒီနည္းပညာကို LG ရဲ႕ တီဗြီအခ်ိဳ႕မွာလည္း အသုံးျပဳခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ G8 ရဲ႕ မ်က္ႏွာျပင္ တစ္ခုလုံးဟာ စပီကာတစ္ခုလို တုန္ခါၿပီး အသံထုတ္လႊတ္ေပးမွာ ျဖစ္ပါတယ္။

G8 ဟာ Bottom-facing speaker လည္း ပါဝင္လာဦးမွာပါ။ ဒါဟာ အသံက်ယ္ေလာင္မႈနဲ႔ Speakerphone ေခၚဆိုျခင္းေတြအတြက္ အသုံးျပဳႏိုင္ပါတယ္။ ဒါတင္မကေသးဘဲ ေအာက္ေျခစပီကာနဲ႔ မ်က္ႏွာျပင္ကို အသုံးျပဳၿပီး 2 Channel Audio အျဖစ္ ေထာက္ပံ့ေပးမယ္လို႔လည္း LG က ေျပာသြားပါေသးတယ္။

Ref: The Verge

[Unicode]

G8 မှာ OLED မျက်နှာပြင်တုန်ခါခြင်းနဲ့ အသံထုတ်လွှတ်နိုင်တဲ့ နည်းပညာပါဝင်မယ်လို့ LG အတည်ပြု

၂၀၁၉ ထုတ် စမတ်ဖုန်းတွေရဲ့ ဆန်းသစ်တီထွင်မှုတွေထဲမှာ Notch အစား Punch-hole တွေသုံးလာတာ၊ Under-Display Fingerprint Scanner သုံးလာကြတာတွေအပြင် နောက်ထပ်တစ်မျိုးကို ထပ်ပြီး ထည့်သွင်းရပါတော့မယ်။ အဲဒါကတော့ မျက်နှာပြင် တုန်ခါမှုကနေတစ်ဆင့် အသံထွက်အောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။

ကိုရီးယားရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG ဟာ သူတို့ရဲ့ ၂၀၁၉ Flagship ဖုန်းဖြစ်တဲ့ LG G8 ThinQ မှာ Earpiece Speaker အစား “Sound on Display” အဖြစ် မျက်နှာပြင်တုန်ခါမှုကနေ အသံထုတ်လွှတ်ပေးတဲ့ နည်းပညာကို အသုံးပြုမယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ ပါသေးတယ်။

အခုတော့ LG ပြောဆိုချက်အရ G8 မှာ Crystal Sound OLED (CSO) ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒီနည်းပညာကို LG ရဲ့ တီဗွီအချို့မှာလည်း အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် G8 ရဲ့ မျက်နှာပြင် တစ်ခုလုံးဟာ စပီကာတစ်ခုလို တုန်ခါပြီး အသံထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။

G8 ဟာ Bottom-facing speaker လည်း ပါဝင်လာဦးမှာပါ။ ဒါဟာ အသံကျယ်လောင်မှုနဲ့ Speakerphone ခေါ်ဆိုခြင်းတွေအတွက် အသုံးပြုနိုင်ပါတယ်။ ဒါတင်မကသေးဘဲ အောက်ခြေစပီကာနဲ့ မျက်နှာပြင်ကို အသုံးပြုပြီး 2 Channel Audio အဖြစ် ထောက်ပံ့ပေးမယ်လို့လည်း LG က ပြောသွားပါသေးတယ်။

Ref: The Verge