[Zawgyi]

Nokia 3310 ရဲ႕ အၾကမ္းခံမႈ စြမ္းရည္က ေအာခ်ရေလာက္ပါတယ္။ ဒါေပမယ့္ iPhone 6s Plus က Nokia 3310 ကို သနားတယ္လို႔ ေျပာလို႔ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဓါတ္ပံုဆရာ Haukur Snorrason ဟာ South Iceland က Skafta ရဲ႕ ျမစ္ေခ်ာင္း ရႈခင္းေတြကို ေ၀ဟင္ကေန ဓါတ္ပံုရိုက္ဖုိ႔ ေလယာဥ္စီးသြားခဲ့ပါတယ္။ ဓါတ္ပံုရုိက္ဖို႔ သူ႔ရဲ႕ iPhone 6s Plus ကို ထုတ္လိုက္ၿပီးေနာက္မွာ ေလျပင္းတိုက္ခတ္ၿပီး ေလယာဥ္ေပၚကေန ျပဳတ္က်သြားခဲ့ပါတယ္။ ဖုန္းဟာ မီတာ ၆၀( ေပ ၂၀၀) အျမင့္ကေန ေတာင္ထူထပ္ၿပီး ေရစီးသန္တဲ့ ျမစ္ေပၚ က်သြားခဲ့ပါတယ္။ လမ္းလည္း မေပါက္တဲ့အတြက္ ဆင္းေကာက္ဖို႔လည္း အဆင္မေျပခဲ့ပါဘူး။ Haukur ဟာ သူ႔ဖုန္းေတာ့ ဆံုးသြားၿပီလို႔ထင္ခဲ့ပါတယ္။

၁၃ လအၾကာမွာ ေပ်ာက္သြားတဲ့ ဖုန္းကေန သူ႔ထံ ဖုန္း၀င္လာပါတယ္။ ေတာင္တက္သမားေတြက ေကာက္ရၿပီး သူ႔ကို ဆက္သြယ္ခဲ့တာ ျဖစ္ပါတယ္။ ေလယာဥ္ေပၚက ျပဳတ္က်ၿပီး ရာသီဥတုဒဏ္ကို ၁ ႏွစ္ေက်ာ္ၾကာ အံတုႏုိင္ခဲ့တဲ့ iPhone 6s Plus ရဲ႕ ဇာတ္လမ္းက အံ့အားသင့္စရာ ျဖစ္ခဲ့ပါတယ္။ ဖုန္းဟာ အေကာင္းအတိုင္း ရွိေနေသးတဲ့ အျပင္ ေလယာဥ္ေပၚက ျပဳတ္က်တဲ့ အျဖစ္အပ်က္ကို ဗီဒီယို ရိုက္ထားပါေသးတယ္။

ဗီဒီယိုမွာ ဖုန္းဟာ ေလယာဥ္ေပၚကေန ဂြ်မ္းထိုးေမွာက္ခံု ျပဳတ္က်ၿပီး ေျမျပင္ေပၚကို ညင္သာစြာ က်သြားတာကို ျမင္ရပါတယ္။ ဒီေလာက္အျမင့္ကေန ျပဳတ္က်တာေတာင္ ဘာမွ မျဖစ္ဘူးဆိုတာ အံ့ၾသစရာေကာင္းပါတယ္။ Haukur က “ ဖုန္းဟာ အဲဒီ ေဒသမွာ ေပါက္တဲ့ အပင္ ၁ မ်ိဳးေပၚကို က်သြားတာပါ။ အဲဒီ အပင္ေတြဟာ ထူထဲၿပီး အျမင့္ ၃၀ စင္တီမီတာအထိ ရွိပါတယ္။ ဒါ့ေၾကာင့္ ဖုန္းဘာမွ မျဖစ္တာပါ။ “ လို႔ TNW ကို ေျပာျပပါတယ္။

Ref : twn

[Unicode]

လေယာဉ်ပေါ်က ပြုတ်ကျပြီး တောထဲမှာ ၁ နှစ်ကျော်ကြာရှိနေတာတောင် မပျက်ဆီးသေးတဲ့ iPhone 6s Plus

Nokia 3310 ရဲ့ အကြမ်းခံမှု စွမ်းရည်က အောချရလောက်ပါတယ်။ ဒါပေမယ့် iPhone 6s Plus က Nokia 3310 ကို သနားတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဓါတ်ပုံဆရာ Haukur Snorrason ဟာ South Iceland က Skafta ရဲ့ မြစ်ချောင်း ရှုခင်းတွေကို ဝေဟင်ကနေ ဓါတ်ပုံရိုက်ဖို့ လေယာဉ်စီးသွားခဲ့ပါတယ်။ ဓါတ်ပုံရိုက်ဖို့ သူ့ရဲ့ iPhone 6s Plus ကို ထုတ်လိုက်ပြီးနောက်မှာ လေပြင်းတိုက်ခတ်ပြီး လေယာဉ်ပေါ်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။ ဖုန်းဟာ မီတာ ၆၀( ပေ ၂၀၀) အမြင့်ကနေ တောင်ထူထပ်ပြီး ရေစီးသန်တဲ့ မြစ်ပေါ် ကျသွားခဲ့ပါတယ်။ လမ်းလည်း မပေါက်တဲ့အတွက် ဆင်းကောက်ဖို့လည်း အဆင်မပြေခဲ့ပါဘူး။ Haukur ဟာ သူ့ဖုန်းတော့ ဆုံးသွားပြီလို့ထင်ခဲ့ပါတယ်။

၁၃ လအကြာမှာ ပျောက်သွားတဲ့ ဖုန်းကနေ သူ့ထံ ဖုန်းဝင်လာပါတယ်။ တောင်တက်သမားတွေက ကောက်ရပြီး သူ့ကို ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်က ပြုတ်ကျပြီး ရာသီဥတုဒဏ်ကို ၁ နှစ်ကျော်ကြာ အံတုနိုင်ခဲ့တဲ့ iPhone 6s Plus ရဲ့ ဇာတ်လမ်းက အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဖုန်းဟာ အကောင်းအတိုင်း ရှိနေသေးတဲ့ အပြင် လေယာဉ်ပေါ်က ပြုတ်ကျတဲ့ အဖြစ်အပျက်ကို ဗီဒီယို ရိုက်ထားပါသေးတယ်။

ဗီဒီယိုမှာ ဖုန်းဟာ လေယာဉ်ပေါ်ကနေ ဂျွမ်းထိုးမှောက်ခုံ ပြုတ်ကျပြီး မြေပြင်ပေါ်ကို ညင်သာစွာ ကျသွားတာကို မြင်ရပါတယ်။ ဒီလောက်အမြင့်ကနေ ပြုတ်ကျတာတောင် ဘာမှ မဖြစ်ဘူးဆိုတာ အံ့သြစရာကောင်းပါတယ်။ Haukur က “ ဖုန်းဟာ အဲဒီ ဒေသမှာ ပေါက်တဲ့ အပင် ၁ မျိုးပေါ်ကို ကျသွားတာပါ။ အဲဒီ အပင်တွေဟာ ထူထဲပြီး အမြင့် ၃၀ စင်တီမီတာအထိ ရှိပါတယ်။ ဒါ့ကြောင့် ဖုန်းဘာမှ မဖြစ်တာပါ။ “ လို့ TNW ကို ပြောပြပါတယ်။

Ref : twn