Meizu 17 ရဲ့ သတင်းတွေ ထပ်ထွက်လာပြန်ပါပြီ။ ဒီတစ်ခါမှာတော့ ဖုန်းရဲ့ အနောက်ဘက်ကို ရိုက်ပြထားတဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပြီး Protective Sheet ကိုလည်း တွေ့ရပါတယ်။ အောက်ခြေမှာ ဒီလ ၁၅ ရက်နေ့ ကြေညာမယ်ဆိုတဲ့ အထောက်အထားကို တွေ့ရပါတယ်။

အရင်ကလည်း ဧပြီလမှာ ကြေညာမယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပြီး အခုတော့ နေ့ရက် အတိအကျကို သိလာရပါပြီ။ Meizu 17 ဟာ ကုမ္ပဏီရဲ့ သက်တမ်း ၁၇ နှစ်ပြည့် စမတ်ဖုန်း ဖြစ်တဲ့အတွက် ထူးထူးခြားခြား ဖန်တီးထားမှာ သေချာပါတယ်။ Meizu ရဲ့ ပထမဆုံး 5G စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Meizu 17 မှာ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားမယ်လို့ သတင်းထွက်နေပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားပြီး မျက်နှာပြင်ရဲ့ ညာဘက်အထက်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ သတင်းထွက်နေတဲ့ 65W GaN Power မပါဘဲ 30W Charger ပဲပါမယ်လို့ 3C မှာ ဖော်ပြထားပါတယ်။

Meizu 17 Pro ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပြီး ပိုလန်းတဲ့ Charger ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Meizu 17 ကို ယွမ် ၄,၀၀၀ လောက်နဲ့ ရောင်းမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ ၈ သိန်းလောက်ရှိနိုင်ပါတယ်။

Ref : gsmarena