App တွေ သိပ်မသုံးဘဲ ဖုန်းပြောဖို့ သက်သက်ပဲ အတွက်ဆိုရင် အရွယ်အစား သေးငယ်တဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေက သင့်တော်ပါတယ်။ အဲဒီလို စမတ်ဖုန်းလိုချင်ရင် Mony Mint က ရွေးချယ်စရာ ၁ ခု ဖြစ်ပြီး အသေးဆုံး 4G စမတ်ဖုန်းလို့ ကုမ္ပဏီက ကြော်ငြာထားပါတယ်။

The Mony Mint, the smallest 4G smartphone, starts its Indiegogo campaign

Mony Mint ဟာ ကမ္ဘာအဝန်းက 4G ကွန်ရက်တွေကို ထောက်ပံ့တဲ့အတွက် ခရီးသွားရင် အဆင်ပြေပါတယ်။ ဖုန်းမှာ Skype, WhatsApp, Viber နဲ့ တခြား Messenger တွေကို အသုံးပြုနိုင်ပြီး SIM Card မစိုက်ထားရင်လည်း Voice Call Over WiFi ကို သုံးနိုင်ပါတယ်။ Dual-SIM ဖုန်း ဖြစ်ပြီး လေ့ကျင့်ခန်း လုပ်နေချိန်မှာ MP3 နားဆင်နိုင်ပါတယ်။

The Mony Mint, the smallest 4G smartphone, starts its Indiegogo campaign

Mony Mint ရဲ့ အနောက်ဘက်မှာ 5MP ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 2MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်တဲ့အတွက် ကင်မရာတွေက သိပ်မကောင်းပါဘူး။ 64GB Internal Storage ထည့်သွင်းထားပြီး microSD Card Slot တပ်ဆင်ထားပါတယ်။ Specs အပြည့်အစုံကို အောက်ပါ ဓါတ်ပုံမှာ လေ့လာနိုင်ပါတယ်။

The Mony Mint, the smallest 4G smartphone, starts its Indiegogo campaign

Mony Mint ကို Indiegogo ကနေ ကြိုတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး အစောဆုံး ကြိုတင်မှာယူသူတွေက အထူးလျှော့ဈေး ဖြစ်တဲ့ ဒေါ်လာ ၁၀၀ နဲ့ ရမှာပါ။ ပရိုမိုးရှင်း ကလာပြီးရင် ၁၁၅ ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒီနှစ် နိုဝင်ဘာလမှာ စတင် ရောင်းချပေးမှာ ဖြစ်ပြီး  လက်ရှိ ပေါက်ဈေးအရ မြန်မာငွေ ၁၆၀,၀၀၀ နဲ့ ၁၉၀,၀၀၀ လောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena