Motorola က တတိယမျိုးဆက် Edge ကို ကြေညာလိုက်ပြီး စိတ်ဝင်စားစရာကောင်းတာက Dimensity 1050 Chip ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 6nm Chip ဖြစ်ပြီး mmWave 5G ထောက်ပံ့ထားပါတယ်။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Stock Android 12 မောင်းနှင်ထားပါတယ်။ 30W TurboPower Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပြီး 15W Wireless Charging ထောက်ပံ့ထားပါတယ်။

The Motorola Edge (2022) is the first phone with Dimensity 1050, packs a 6.6'' 144Hz OLED display

ဘူးထဲမှာ USB-C Cable ထည့်သွင်းထားပြီး ဖုန်းရဲ့ အရွယ်အစား အပြည့်အစုံက 160.86×74.24×7.99mm နဲ့ အလေးချိန်က ၁၇၀ ဂရမ် ဖြစ်ပါတယ်။ ၆.၆ လက်မ 1080x2400p OLED မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 10-bit Panel ဖြစ်ပြီး HDR10+ ထောက်ပံ့ထားပါတယ်။ OLED ဖြစ်တဲ့အတွက် မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

The Motorola Edge (2022) is the first phone with Dimensity 1050, packs a 6.6'' 144Hz OLED display

အနောက်ဘက်မှာ 50MP Main (OIS), 13MP Ultrawide နဲ့ Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး Main ကင်မရာက 4K 60fps နဲ့ 1080p@30fps Slow-mo ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပြီး 1080p@30fps ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

The Motorola Edge (2022) is the first phone with Dimensity 1050, packs a 6.6'' 144Hz OLED display

Dolby Atmos Sound ပါတဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပြီး နားကြပ်ပေါက် မပါလာပါဘူး။ WiFi 6E, Bluetooth 5..2, NFC နဲ့ 5G ထောက်ပံ့ထားပြီး အမေရိကန်က Motorola Website မှာ ရောင်းချပေးလိုက်ပါပြီ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

The Motorola Edge (2022) is the first phone with Dimensity 1050, packs a 6.6'' 144Hz OLED display

The Motorola Edge (2022) is the first phone with Dimensity 1050, packs a 6.6'' 144Hz OLED display

Ref : gsmarena