[Zawgyi]





Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၃ လုံးပါတဲ့ Motorola One Action ကို ကြေညာပြီ

Motorola One Action ဟာ Action Camera ထည့်သွင်းထားတဲ့ စမတ်ဖုန်းလို့ ပြောနိုင်ပါတယ်။ အနောက်ဘက်မှာ 1080p/60 Video တွေကို ဖမ်းယူပေးနိုင်တဲ့ ၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာ ၁ လုံးပါပါတယ်။ ကင်မရာရဲ့ 16MP Sensor က Low Light မှာ ဓါတ်ပုံကောင်းတွေ ရိုက်ကူးပေးနိုင်ဖို့ 4-in-1 Pixel Binning ကို သုံးထားပြီး Electronic Image Stabilization ထည့်ထားပါတယ်။

Sensor က ဖုန်းကို ဒေါင်လိုက် ကိုင်ထားရင် Landscape Video တွေကို ရိုက်ကူးပေးနိုင်တာက ထူးခြားပါတယ်။ အဲဒီအတွက် ဗီဒီယို ရိုက်ကူးရတာ ပိုအဆင်ပြေလာပါတယ်။ ဓါတ်ပုံကိုတော့ အဲဒီ ကင်မရာက မရိုက်ကူးပေးနိုင်ပါဘူး။ ဓါတ်ပုံနဲ့ ရိုးရိုး ဗီဒီယိုတွေကို ရိုက်ကူးဖို့ 12MP Main Camera ပါပြီး 4K 30fps Video တွေ ရိုက်ကူးပေးနိုင်ပါတယ်။ အနောက်ကင်မရာ ၃ လုံးထဲမှာ 5MP Depth Sensor လည်း ပါပါတယ်။ Motorola Logo အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Motorola One Action မှာ 6.3” 21:9 1080p+ IPS Display ထည့်သွင်းထားပြီး 12MP Punch Hole Selfie Camera ပါပါတယ်။ Protective Cover ၁ ခု ထည့်သွင်းပေးထားပါတယ်။ Android 9.0 Pie မောင်းနှင်ထားပြီး Android One Phone ဖြစ်ပါတယ်။ Exynos 9609 Chipset , 4GB RAM , 128GB Storage တွေ ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်ပါတယ်။

3,500mAh Battery ထည့်သွင်းထားပြီး ဘရာဇီး၊ မက္ကဆီကိုနဲ့ ဥရောပ နိုင်ငံတွေမှာ စတင် ရောင်းချပေးလိုက်ပါပြီ။ ယူရို ၂၆၀ သတ်မှတ်ထားပြီး မြန်မာငွေ ၄၃၀,၀၀၀ လောက် ရှိပါတယ်။ Denim Blue နဲ့ Pearl White အရောင် ၂ မျိုး ထုတ်လုပ်ထားပါတယ်။

Ref : gsmarena