နယ်သာလန်က ပတ်ဝန်းကျင် ထိခိုက်မှုကို နည်းပါးစေဖို့အတွက် အီလက်ထရစ် ကား ဝယ်တဲ့ နိုင်ငံသားတွေကို ငွေကြေး ကူညီထောက်ပံ့ပေးမယ့် အစီအစဉ်ကို ဒီနှစ်ထဲမှာ ပြုလုပ်ပေးတော့မှာပါ။ ဒီအစီအစဉ်မှာ ကား အဟောင်းရော၊ ကား အသစ် ဝယ်သူတွေပါ အကျုံးဝင်ပါတယ်။

နယ်သာလန် သတင်း အဖွဲ့အစည်း RTL က နယ်သာလန်မှာ နေထိုင်ပြီး ဒီနှစ် ဇူလိုင် ၁ ရက်နောက်ပိုင်း ဝယ်သူတွေကို အီလက်ထရစ် ကား တန်ဖိုးရဲ့ ဒေါ်လာ ၄,၄၂၅ ကို အစိုးရက ကူညီပေးမယ်လို့ ပြောပါတယ်။ ကား အဟောင်း ဝယ်သူတွေဟာ ဒေါ်လာ ၂,၂၁၁ ခံစားခွင့်ရှိပါတယ်။

ဒေါ်လာ ၄၉,၇၄၄ အထိ တန်ကြေးရှိတဲ့ ကားတွေအတွက်ပဲ ဒေါ်လာ ၄ ထောင်ကျော်ရရှိမှာပါ။ ဈေးသိပ်မကြီးတဲ့ လောင်စာဆီသုံး ကားတွေကို အီလက်ထရစ်ကားတွေ ပြောင်းသုံးစေချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အစိုးရရဲ့ စံချိန်စံညွှန်းတွေ မှီတဲ့ ကားတွေ ဖြစ်ရမှာ ဖြစ်သလို သတ်မှတ်ထားတဲ့ ရောင်းသူဆီကပဲ ဝယ်ယူရမှာပါ။ လာဘ်ပေးလာဘ်ယူတာတွေ မရှိစေဖို့ ကားမဂ္ဂဇင်းထဲမှာ ကြော်ငြာထားတဲ့ ကားတွေကို ဝယ်လို့ မရပါဘူး။

နယ်သာလန် အစိုးရက ငွေကြေးအပြင် အီလက်ထရစ် ကားတွေ ဝယ်ဖို့ တခြား မက်လုံးတွေနဲ့ စွဲဆောင်နေပါတယ်။ အစိုးရက အချိန်ကြာမြင့်စွာ Software Updates ရဖို့ နဲ့ EV Battery နည်းပညာတွေ ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေကို ကူညီပေးဖို့ ကြိုးစားနေပါတယ်။ နယ်သာလန် အပြင် ဗြိတိန်ကလည်း အီလက်ထရစ်ကားတွေ ဝယ်သူတွေအား ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်နေပါတယ်။

Ref : tnw