Apple ဟာ သူ့ရဲ့ Flagship iPhone တွေဖြစ်တဲ့ iPhone 12 စီးရီးမှာ Selfie နဲ့ Ultra-wide ကင်မရာတွေအတွက် Night Mode ကို ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ Night Mode ဟာ ကျောဘက်ကင်မရာတိုင်းမှာ သုံးစွဲလို့ မရသေးပါဘူး။

iPhone 12 Pro Max မှာ 2.5x telephoto camera ပါဝင်ပါတယ်။ ဒါကြောင့် Night Mode ကို ဒီကင်မရာနဲ့လည်း ရိုက်ကူးလို့ရမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ Apple ကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး တစ်ခွန်းမှကိုမဟဘဲ တိတ်ဆိတ်နေခဲ့ပါတယ်။ အခုတော့ အဖြေသိရပါပြီ။ 2.5x telephoto camera ဟာ Night Mode အတွက် သုံးမရပါဘူး။

iPhone 12 Pro Max ကလည်း iPhone 11 Pro, iPhone 12 Pro တို့လိုပဲ အမှောင်ထဲ Zoom ဆွဲပြီး ရိုက်ကူးချိန်မှာ 2.5x tele zoom ကို သုံးတာထက် Main camera ရဲ့ Digital zoom ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ iPhone 12 Pro ရဲ့ 12MP tele ကင်မရာဟာ ရရှိနိုင်တဲ့အလင်းရောင်ပေါ်မူတည်ပြီး၊ တစ်ခါတစ်ရံတော့ ညမှောင်ချိန်မှာ အလုပ်လုပ်တယ်လို့ သိရပါတယ်။

အကယ်၍ တောက်ပမှုဟာ သတ်မှတ်ထားတဲ့အတိုင်းအတာထက်နည်းပါးသွားမယ်ဆိုရင် ဖုန်းဟာ Digitally zooms အစား အဓိကကင်မရာကိုပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ အဓိကင်မရာနဲ့ Zoom ကင်မရာအကြားခြားနားချက်လည်း ဖြစ်ပါတယ်။ အကြောင်းရင်းက အဓိက Sensor ဟာ Zoom lens နောက်က Sensor ထက်ပိုရှည်လို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းအများစုဟာ အလင်းရောင်နည်းပါးချိန်မှာ ပိုကြီးတဲ့ Sensor ကို အသုံးပြုလေ့ရှိကြတာပါ။

Ref: GSM Arena