Instagram ဟာ လက်ရှိအချိန်မှာ ဓါတ်ပုံရိုက်တတ်တဲ့ ကောင်မလေးတွေအပြင် တခြားသော ဓါတ်ပုံပိုင်းနဲ့ သက်ဆိုင်တဲ့ Photographer တွေ၊ Content Creator တွေအတွက် အကောင်းဆုံး Social Media App တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Instagram အတွက် ဓါတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေကိုလည်း Instagrammable Spot ဆိုပြီး သုံးနှုန်းခေါ်ဆိုလာကြတာပါ။

ဒီလိုမျိုး Instagram မှာ ဘယ်သူတွေက ဘယ်နေရာမှာ ဘယ်လိုမျိုး ဓါတ်ပုံတင်ကြသလဲဆိုတာကို သိနိုင်ဖို့အတွက် Instagram မှာ အစောပိုင်းတုန်းက Check-in Feature ကိုထည့်သွင်းပေးထားပြီး အဆိုပါ Location တစ်ခုမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာ Instagram ကနေ ဒီလိုမျိုး ဓါတ်ပုံရိုက်ဖို့ နေရာအသစ်တွေရှာနေတတ်တဲ့သူတွေအတွက် တကယ်အသုံးဝင်မယ့် Feature အသစ်ကို ထပ်မံထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ အခုလိုမျိုး Check-in ပြုလုပ်မှုများပြားတဲ့ နေရာတွေကို Instagram ကနေ Google Maps ပုံစံ Map View အနေနဲ့ ကြည့်ရှုနိုင်အောင် Update ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ သာမန် Google Maps လိုမျိုးနဲ့ မတူညီတာက ဘယ်နေရာမှာ ဘယ်သူတွေက Check-in ပြုလုပ်ပြီး ဓါတ်ပုံတင်ထားသလဲဆိုတာကို သိနိုင်မှာဖြစ်တာကြောင့် အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Instagram Map Feature ဟာ သီးသန့် Section အနေနဲ့တော့ အသုံးပြုနိုင်မှာမဟုတ်သေးဘဲ Explore Section ကနေတစ်ဆင့် သို့မဟုတ် Hashtag နဲ့ Search Result တွေကနေတစ်ဆင့်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Location တွေမှာ Stories တင်ထားတာတွေရှိရင်လည်း ဖော်ပြပေးသွားမှာဖြစ်တာကြောင့် Update အဖြစ်ဆုံးသိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် Instagram မှာပဲ ဓါတ်ပုံလှလှလေးရိုက်ဖို့ နေရာတွေကို အလွယ်တကူရွေးချယ်လို့ ရသွားပါပြီ။

Ref – Engadget