HMD Global ကနေ အခုနောက်ပိုင်းမှာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Mid Range ဖုန်းတွေကို ဆက်တိုက်ကိုမိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း Nokia 2.4 ဆိုပြီး Budget ဖုန်းသစ်တစ်လုံးကို မိတ်ဆက်လာတော့မယ်လို့ သိရပါတယ်။

Nokia 2.4 ရဲ့ သတင်းကိုတော့ NPU သတင်းဌာနကနေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ MediaTek Helio P22 Chipset ကိုအသုံးပြုထားပြီးတော့ ပြီးခဲ့တဲ့ Nokia 2.3 မှာပါဝင်တဲ့ Quad-Core Chipset နဲ့ယှဥ်ရင် သိသိသာသာကို ပိုကောင်းမွန်လာမှာပါ။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ RAM 2GB ပါဝင်မှာဖြစ်သလို Android 10 OS ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျန်တဲ့ Storage တွေနဲ့ တခြား Display ၊ Camera နဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် HMD Global ကနေ Nokia 2.4 ဖုန်းကို မကြာခင်မှာ မိတ်ဆက်သွားဖို့ကတော့ သေချာသလောက်ဖြစ်နေပြီး Budget ဖုန်းစျေးကွက်ထဲမှာ ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – Phone Arena