[Zawgyi]

Apple က မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာကို သူ႔ရဲ႕ ေနာက္ထုတ္မယ့္ Apple Watch ေတြမွာ အသံုးျပဳေတာ့မယ္လို႔  ထင္ပါတယ္။ Apple က အဲဒီနည္းပညာကို မွတ္ပံုတင္လိုက္ပါတယ္။ ဒါ့အျပင္ 4G ဆက္သြယ္မႈလည္း ထည့္သြင္းေပးထားႏုိင္ပါတယ္။ လက္ရွိမွာ လံုျခံဳေရးအတြက္ PIN ကိုပဲ Apple Watch မွာ သံုးေနရတာပါ။ Apple Watch ကို ၀တ္ဆင္ထားရင္ သင့္ရဲ႕ Mac ကို အလိုလို Unlock လုပ္ေပးႏုိင္သလို Apple Pay ကေနလည္း ေငြေပးေခ်ႏုိင္မွာ ျဖစ္ပါတယ္။

PIN ရိုက္ထည့္ရတာ အခ်ိန္သိပ္မၾကာေပမယ့္ အရြယ္ေသးတဲ့ မ်က္ႏွာျပင္မွာ ရိုက္ရတာ အာရံုေနာက္ပါတယ္။ Mac က Touch ID နဲ႔ iPhone, iPad Pro က Face ID ေတြက ပိုျမန္ပါတယ္။ အဲဒီအတြက္ ကုမၸဏီက ေနာက္ထုတ္မယ့္ Apple Watch မွာ Touch ID ကို ထည့္သြင္းခ်င္ေနတာပါ။ တန္ဖိုးနည္း iPad မွာလို မ်က္ႏွာျပင္ေအာက္က ေဘာင္မွာ ထည့္သြင္းမယ့္ အစား မ်က္ႏွာျပင္ေအာက္မွာ ျမွပ္ႏွံထားမွာပါ။

Samsung Galaxy S10 လို ဖုန္းေတြမွာ သံုးတဲ့ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ အာရံုခံ ကိရိယာ နည္းပညာကို Apple ဖန္တီးေနတာ အေတာ္ ခရီးေရာက္ေနၿပီလို႔ထင္ပါတယ္။ ေနာက္ထုတ္မယ့္ iPhone ေတြမွာလည္း Face ID နဲ႔အတူ In-screen Touch ID ပါလာႏုိင္တယ္လို႔ သတင္းထြက္ေနပါတယ္။ Apple Watch အတြက္ Patent ကို ႏို၀င္ဘာလ ၇ ရက္ေန႔မွာ Patently Apple က သတိထားမိခဲ့တာ ျဖစ္ပါတယ္။

Apple လို နည္းပညာ ကုမၸဏီေတြဟာ Patent မ်ားစြာကို မွတ္ပံုတင္ထားေလ့ရွိပါတယ္။ ဒါေပမယ့္ Patent တိုင္းကိုေတာ့ ထုတ္ကုန္ အျဖစ္ ဖန္တီးေလ့ မရွိပါဘူး။ အဲဒီအတြက္ အခု Patent ဟာ ေစ်းကြက္ထဲကို တကယ္ေရာက္လာမလားဆိုတာ  ေသခ်ာေပါက္ မေျပာႏုိင္ေသးပါဘူး။

Ref : t3

[Unicode]

နောက်ထွက်မယ့် Apple Watch မှာ In-screen Touch ID ပါလာနိုင်

Apple က မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာကို သူ့ရဲ့ နောက်ထုတ်မယ့် Apple Watch တွေမှာ အသုံးပြုတော့မယ်လို့ ထင်ပါတယ်။ Apple က အဲဒီနည်းပညာကို မှတ်ပုံတင်လိုက်ပါတယ်။ ဒါ့အပြင် 4G ဆက်သွယ်မှုလည်း ထည့်သွင်းပေးထားနိုင်ပါတယ်။ လက်ရှိမှာ လုံခြုံရေးအတွက် PIN ကိုပဲ Apple Watch မှာ သုံးနေရတာပါ။ Apple Watch ကို ဝတ်ဆင်ထားရင် သင့်ရဲ့ Mac ကို အလိုလို Unlock လုပ်ပေးနိုင်သလို Apple Pay ကနေလည်း ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

PIN ရိုက်ထည့်ရတာ အချိန်သိပ်မကြာပေမယ့် အရွယ်သေးတဲ့ မျက်နှာပြင်မှာ ရိုက်ရတာ အာရုံနောက်ပါတယ်။ Mac က Touch ID နဲ့ iPhone, iPad Pro က Face ID တွေက ပိုမြန်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီက နောက်ထုတ်မယ့် Apple Watch မှာ Touch ID ကို ထည့်သွင်းချင်နေတာပါ။ တန်ဖိုးနည်း iPad မှာလို မျက်နှာပြင်အောက်က ဘောင်မှာ ထည့်သွင်းမယ့် အစား မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာပါ။

Samsung Galaxy S10 လို ဖုန်းတွေမှာ သုံးတဲ့ မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာ နည်းပညာကို Apple ဖန်တီးနေတာ အတော် ခရီးရောက်နေပြီလို့ထင်ပါတယ်။ နောက်ထုတ်မယ့် iPhone တွေမှာလည်း Face ID နဲ့အတူ In-screen Touch ID ပါလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ Apple Watch အတွက် Patent ကို နိုဝင်ဘာလ ၇ ရက်နေ့မှာ Patently Apple က သတိထားမိခဲ့တာ ဖြစ်ပါတယ်။

Apple လို နည်းပညာ ကုမ္ပဏီတွေဟာ Patent များစွာကို မှတ်ပုံတင်ထားလေ့ရှိပါတယ်။ ဒါပေမယ့် Patent တိုင်းကိုတော့ ထုတ်ကုန် အဖြစ် ဖန်တီးလေ့ မရှိပါဘူး။ အဲဒီအတွက် အခု Patent ဟာ ဈေးကွက်ထဲကို တကယ်ရောက်လာမလားဆိုတာ သေချာပေါက် မပြောနိုင်သေးပါဘူး။

Ref : t3