Nintendo ကနေ ထုတ်လုပ်ထားတဲ့ Portable Gaming Console တစ်ခုဖြစ်တဲ့ Nintendo Switch ဟာ ရောင်းအားအကောင်းဆုံး Console တစ်ခုဖြစ်သလို အခုဆိုရင်လည်း OLED Model အသစ်ကိုပါ မိတ်ဆက်ထားပြီးပြီဖြစ်ပါတယ်။ Nintendo Switch ကို မိတ်ဆက်ခဲ့တာ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်တာကြောင့် အခုဆိုရင် အချိန်အတော်ကြာနေပြီလို့တောင် ပြောနိုင်ပါတယ်။

Nintendo Switch ဟာ အောင်မြင်မှုတွေအများအပြားရရှိခဲ့သလို ဝေဖန်မှုတွေလည်း အများအပြားခံခဲ့ရပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ Bluetooth Audio ကို Support ပြုလုပ်ခြင်းမရှိတာကလည်း အဓိကတစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာတော့ Nintendo ကနေ Twitter Account ကနေတစ်ဆင့်လက်ရှိ Nintendo Switch တွေအတွက် Bluetooth Audio Support ကို Firmware Update ပြုလုပ်လိုက်ရုံနဲ့ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်စိတ်ကြိုက် Bluetooth Wireless Earbuds သို့မဟုတ် Headphone တွေနဲ့ အလွယ်တကူအသုံးပြုနိုင်တော့မှာပါ။

ဒီလိုမျိုး Nintendo Switch မှာ Bluetooth Audio ကို Support ပေးလာတယ်ဆိုပေမယ့် ကန့်သတ်ချက်တွေကတော့ အများအပြားရှိနေတုန်းပဲဖြစ်ပါတယ်။ ဒါကတော့ Bluetooth Audio ဖြစ်ပေမယ့် Microphone တွေကိုတော့အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ နောက်ထပ်လည်း Bluetooth Audio ကို ချိတ်ဆက်ထားမယ်ဆိုရင် Controller ကို ၂ ခုထပ်ပိုပြီး အသုံးပြုနိုင်မှာမဟုတ်တာနဲ့ Local Multiplayer Game တွေဆော့ကစားတဲ့အချိန်မှာ Bluetooth ဟာ Disable ဖြစ်သွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အချိန်အားဖြင့် နှစ်တွေအများကြီးကြာပြီးမှ Bluetooth Audio Support ရရှိလာတာက Nintendo Switch အသုံးပြုသူတွေအတွက် ဝမ်းသာစရာသတင်းတစ်ခုဖြစ်ပါတယ်။

Ref – Android Authority