HMD က James Bond ရုပ်ရှင် ရိုက်ကူးတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းထားပြီး နောက်ထွက်မယ့် ရုပ်ရှင်ကား အသစ်မှာ Nokia 8.3 5G ပါလာမှာဖြစ်ပါတယ်။ Trailer  မှာ အဲဒီ စမတ်ဖုန်းကို မြင်တွေ့ခဲ့ရပြီးပါပြီ။ ဒါ့အပြင် Nokia 6.2 နဲ့ 7.2 တို့အတွက် 007 Kevlar Case ထုတ်လုပ်ပေးထားပြီးပါပြီ။ အခုတော့  Nokia 5.3 အတွက်လည်း အဲဒီ Kevlar Case ကို စတိုးများစွာမှာ ရောင်းဖို့ တင်ထားပါပြီ။

ဂျာမနီ စတိုး ၁ ခုက James Bond 007 Case ကို ယူရို ၂၀ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သောင်းလောက် ရှိပါတယ်။ ရက် ၆၀ အတွင်း ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားပြီး အဲဒီဈေးဟာ Nokia 6.2/7.2 Case နဲ့ တူပါတယ်။ နယ်သာလန်က စတိုး ၁ ခုက ယူရို ၃၅ သတ်မှတ်ထားပြီး ၅ သောင်းခွဲလောက် ကျသွားမှာပါ။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ပို့ဆောင်မယ့် အချိန်ကို မသိရသေးပါဘူး။

စတိုးတွေမှာ Case ရဲ့ ဓါတ်ပုံကို မဖော်ပြထားပေမယ့် 6.2/7.2 Case နဲ့ ဒီဇိုင်း တူနိုင်ပါတယ်။ Nokia 5.3 နဲ့ တခြား Point 3 မော်ဒယ်တွေကို ဗြိတိန်မှာ ကြိုတင်မှာယူခွင့်ပေးထားပြီး 5.3 ကို နောက်လ အစောပိုင်းမှာ ရောင်းနိုင်ပါတယ်။ ၁၅၀ စတာလင်ပေါင် သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၇ သောင်းလောက်ရှိမှာပါ။

Ref : gsmarena