HMD ရဲ့ Nokia စမတ်ဖုန်းတွေဟာ James Bond ရဲ့ Spy Gadgets အသစ်တွေ  ဖြစ်လာပါပြီ။ James Bond ရုပ်ရှင်ကား အသစ်ရဲ့ Trailer မှာ နောက်ထွက်မယ့် Nokia 8.2 5G ကို မြင်ခဲ့ကြရပြီးပါပြီ။ HMD က လက်ရှိရောင်းချထားတဲ့ ဖုန်းတွေအတွက်လည်း James Bond Theme တွေ ဖန်တီးပေးချင်နေပုံပေါ်ပါတယ်။  ဥပမာအနေနဲ့ အရင်နှစ်ထုတ် Nokia 6.2 အတွက် James Bond Case ထွက်ရှိလာပါတယ်။

Case ရဲ့ အနောက်ဘက်မှာ 007 Logo နဲ့ ဘေးဘက်မှာ 007 Special Edition ကို ရေးထိုးထားပါတယ်။ Case ကို သီးခြား ရောင်းမလား ၊ ဖုန်းနဲ့အတူ ရောင်းမလားဆိုတာ မသိရသေးပါဘူး။ Case ရဲ့ ဘေးဘက်တွေဟာ ကြံ့ခိုင်မာကျောပေမယ့် ထောင့်စွန်းတွေကို နူးညံ့အောင် ဖန်တီးထားပါတယ်။ အောက်ပြုတ်ကျရင် ထိခိုက်မှုကို ခံနိုင်အောင် ဖန်တီးထားတာလို့ ထင်ပါတယ်။

James Bond ရဲ့ ရုပ်ရှင်အသစ် “ No Time To Die” ကို ပြသဖို့ နိုဝင်ဘာလကို နောက်ဆုတ်လိုက်ပေမယ့် HMD ရဲ့ စမတ်ဖုန်းနဲ့ Accessories အသစ်တွေကိုတော့ စီစဉ်ထားတဲ့အချိန်အတိုင်း ရောင်းချနိုင်ပါတယ်။ မတ်လ ၁၉ ရက်နေ့မှာ Nokia စမတ်ဖုန်း အသစ်တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။

Nokia 8.2 မှာ Qualcomm Snapdragon 735 Chipset ထည့်သွင်းထားနိုင်ပြီး   8GB RAM / 256GB Storage အထိ မော်ဒယ်များစွာ ရွေးချယ်နိုင်မယ်လို့ သတင်းထွက်နေပါတယ်။ 64MP Quad Camera , Pop-up Selfie Camera ထည့်သွင်းထားနိုင်ပြီး ဈေးပေါမယ့် ဖုန်း မဟုတ်ပါဘူး။

Ref : gsmarena