[Zawgyi]

Nubia ရဲ႕ အေထြေထြမန္ေနဂ်ာျဖစ္တဲ့ Ni Fei ဟာ Red Magic 3 အေၾကာင္းကို ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းက အနည္းငယ္ ဖြင့္ခ်ခဲ့ပါတယ္။ Snapdragon 855 အသုံးျပဳမယ္ဆိုတဲ့ အခ်က္အပါအဝင္ 12GB of RAM အသုံးျပဳမယ္၊ 120Hz refresh rate ထက္နည္းမွာမဟုတ္ဘူးဆိုတဲ့ အခ်က္ေတြကို Ni Fei ကပဲ ဖြင့္ခ်ခဲ့တာပါ။

ၿပီးခဲ့တဲ့တစ္ေခါက္ သတင္းဖြင့္ခ်မႈတုန္းက Nubia Red Magic Mars မွာသုံးထားတဲ့ 3,800mAh ထက္မ်ားတဲ့ ဘက္ထရီကို Red Magic 3 မွာ သုံးေပးထားမယ္လို႔ပဲ ဆိုခဲ့ပါတယ္။ ဒါေၾကာင့္ ေျပာင္းလဲမႈေတြနဲ႔ ထြက္ေပၚလာမယ့္ Red Magic 3 ရဲ႕ ဘက္ထရီပမာဏဟာ ဘယ္ေလာက္ထိေျပာင္းလဲသြားမွာလဲဆိုတဲ့ ေမးခြန္းက အေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းေနပါေတာ့တယ္။

လက္ရွိထြက္ေပၚေနတဲ့သတင္းေတြကို အေျခခံၿပီး သုံးသပ္ရရင္ေတာ့ Red Magic 3 ဟာ ဂိမ္းမင္းဖုန္းအမ်ားစုမွာ အသုံးျပဳထားတဲ့ 4,000mAh ထက္ကိုပိုမ်ားတဲ့ ပမာဏနဲ႔ ထြက္လာဖြယ္ရွိေနတာပါ။ 5,000mAh ပမာဏ လို႔လည္း သတင္းထြက္ေပၚထားပါတယ္။ ဒါေပမယ့္ (Mars model) မွာ ေထာက္ပံ့ေပးထားတဲ့ 18W fast charging စနစ္ကိုပဲ ဆက္လက္ အသုံးျပဳသြားမယ္လို႔လည္း ဆိုပါတယ္။

Red Magic 3 နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ ေနာက္ထပ္ Feature တစ္ခုကေတာ့ Built-in active air cooling ပါဝင္တာပါ။ ၿပီးခဲ့တဲ့ ေမာ္ဒယ္တုန္းကေတာ့ Vapor chamber နဲ႔ျဖစ္ပါတယ္။ ေမာ္ဒယ္သစ္မွာေတာ့ အတြင္းပိုင္းမွာ Fan ပါဝင္မွာ ျဖစ္ပါတယ္။ ဒီလိုျပဳလုပ္ထားတယ္ဆိုတဲ့အေၾကာင္းကို Ni Fei က မူပိုင္ခြင့္တင္ထားတဲ့ ပုံကိုဖြင့္ခ်ျပခဲ့တာပါ။ Fan ရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ေအးျမျခင္းပမာဏကို 73% အထိ တိုးတက္လာေစတယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

5,000mAh ဘက်ထရီအပြင် Built-in Fan တပ်ဆင်ပေးထားမယ်ဆိုတဲ့ Nubia Red Magic 3

Nubia ရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ Ni Fei ဟာ Red Magic 3 အကြောင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အနည်းငယ် ဖွင့်ချခဲ့ပါတယ်။ Snapdragon 855 အသုံးပြုမယ်ဆိုတဲ့ အချက်အပါအဝင် 12GB of RAM အသုံးပြုမယ်၊ 120Hz refresh rate ထက်နည်းမှာမဟုတ်ဘူးဆိုတဲ့ အချက်တွေကို Ni Fei ကပဲ ဖွင့်ချခဲ့တာပါ။

ပြီးခဲ့တဲ့တစ်ခေါက် သတင်းဖွင့်ချမှုတုန်းက Nubia Red Magic Mars မှာသုံးထားတဲ့ 3,800mAh ထက်များတဲ့ ဘက်ထရီကို Red Magic 3 မှာ သုံးပေးထားမယ်လို့ပဲ ဆိုခဲ့ပါတယ်။ ဒါကြောင့် ပြောင်းလဲမှုတွေနဲ့ ထွက်ပေါ်လာမယ့် Red Magic 3 ရဲ့ ဘက်ထရီပမာဏဟာ ဘယ်လောက်ထိပြောင်းလဲသွားမှာလဲဆိုတဲ့ မေးခွန်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေကို အခြေခံပြီး သုံးသပ်ရရင်တော့ Red Magic 3 ဟာ ဂိမ်းမင်းဖုန်းအများစုမှာ အသုံးပြုထားတဲ့ 4,000mAh ထက်ကိုပိုများတဲ့ ပမာဏနဲ့ ထွက်လာဖွယ်ရှိနေတာပါ။ 5,000mAh ပမာဏ လို့လည်း သတင်းထွက်ပေါ်ထားပါတယ်။ ဒါပေမယ့် (Mars model) မှာ ထောက်ပံ့ပေးထားတဲ့ 18W fast charging စနစ်ကိုပဲ ဆက်လက် အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။

Red Magic 3 နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ် Feature တစ်ခုကတော့ Built-in active air cooling ပါဝင်တာပါ။ ပြီးခဲ့တဲ့ မော်ဒယ်တုန်းကတော့ Vapor chamber နဲ့ဖြစ်ပါတယ်။ မော်ဒယ်သစ်မှာတော့ အတွင်းပိုင်းမှာ Fan ပါဝင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ထားတယ်ဆိုတဲ့အကြောင်းကို Ni Fei က မူပိုင်ခွင့်တင်ထားတဲ့ ပုံကိုဖွင့်ချပြခဲ့တာပါ။ Fan ရဲ့ စွမ်းဆောင်ရည်ကတော့ အေးမြခြင်းပမာဏကို 73% အထိ တိုးတက်လာစေတယ်လို့ သိရပါတယ်။

Ref: GSMArena