[Zawgyi]

Display ၂ ခု ပါတဲ့ Nubia Z20 ကို ေအာက္တိုဘာလမွာ ေၾကညာခဲ့ၿပီး Diamond Black ကို ေရာင္းခ်ေပးခဲ့ပါတယ္။ အခုေတာ့ Twilight Blue အေရာင္ကို မိတ္ဆက္လိုက္ပါၿပီ။ အေရာင္အသစ္ကို ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ဒီဇင္ဘာလ ၂ ရက္မွာ ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္။ Nubia Mailing List မွာ Subscribe လုပ္ရင္ ၁၅ ေဒၚလာ( ျမန္မာေငြ ၂ ေသာင္းေက်ာ္)တန္ Noobz Headphone ကို အခမဲ့ လက္ေဆာင္ရမွာပါ။

USA, Canada, EU, UK, Australia, Hong Kong, Israel, Japan, Singapore, Indonesia, Taiwan နဲ႔ Macao ႏိုင္ငံေတြက Nubia ရဲ႕ အြန္လိုင္းစတိုးေတြမွာ Nubia Z20 ကို ဒီဇင္ဘာလ  ၃ ရက္ေန႔ မတိုင္ခင္မွာ ၀ယ္ယူရင္ ေဒၚလာ ၅၀(ျမန္မာေငြ ၇ ေသာင္းခြဲ) ေလွ်ာ့ေစ်းရမွာပါ။ ေစ်းေလွ်ာ့ေပးထားတဲ့ Diamond Black နဲ႔ Twilight Blue Nubia Z20 ကို ၄၉၉ ေဒၚလာနဲ႔ရမွာ ျဖစ္ၿပီး ျမန္မာေငြ ၇၅၀,၀၀၀ ေလာက္ရွိပါတယ္။

Nubia Z20 မွာ Display ၂ ခုပါၿပီး ပင္မက ၆.၄၂ လက္မနဲ႔ အပိုက ၅.၁ လက္မ အရြယ္အစားေတြ ျဖစ္ပါတယ္။ ေနာက္ဆံုးထုတ္ အလန္းစား Qualcomm Snapdragon 855+ Chipset ေမာင္းႏွင္ထားပါတယ္။ 8GB RAM အထိ ေရြးခ်ယ္ႏုိင္ၿပီး ဘက္ထရီက 4,000mAh ျဖစ္ပါတယ္။  အေနာက္ဘက္မွာ 48MP , 16MP Ultrawide နဲ႔ 8MP Telephoto Camera ေတြ ပါပါတယ္။ အေရွ႕ Camera  မပါဘဲ အေနာက္ Camera ေတြနဲ႔ ဆဲလ္ဖီး ဆြဲႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Nubia Z20 ရဲ့ Twilight Blue အရောင်ကို ရောင်းပြီ

Display ၂ ခု ပါတဲ့ Nubia Z20 ကို အောက်တိုဘာလမှာ ကြေညာခဲ့ပြီး Diamond Black ကို ရောင်းချပေးခဲ့ပါတယ်။ အခုတော့ Twilight Blue အရောင်ကို မိတ်ဆက်လိုက်ပါပြီ။ အရောင်အသစ်ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Nubia Mailing List မှာ Subscribe လုပ်ရင် ၁၅ ဒေါ်လာ( မြန်မာငွေ ၂ သောင်းကျော်)တန် Noobz Headphone ကို အခမဲ့ လက်ဆောင်ရမှာပါ။

USA, Canada, the EU, UK, Australia, Hong Kong, Israel, Japan, Singapore, Indonesia, Taiwan နဲ့ Macao နိုင်ငံတွေက Nubia ရဲ့ အွန်လိုင်းစတိုးတွေမှာ Nubia Z20 ကို ဒီဇင်ဘာလ ၃ ရက်နေ့ မတိုင်ခင်မှာ ဝယ်ယူရင် ဒေါ်လာ ၅၀(မြန်မာငွေ ၇ သောင်းခွဲ) လျှော့ဈေးရမှာပါ။ ဈေးလျှော့ပေးထားတဲ့ Diamond Black နဲ့ Twilight Blue Nubia Z20 ကို ၄၉၉ ဒေါ်လာနဲ့ရမှာ ဖြစ်ပြီး မြန်မာငွေ ၇၅၀,၀၀၀ လောက်ရှိပါတယ်။

Nubia Z20 မှာ Display ၂ ခုပါပြီး ပင်မက ၆.၄၂ လက်မနဲ့ အပိုက ၅.၁ လက်မ အရွယ်အစားတွေ ဖြစ်ပါတယ်။ နောက်ဆုံးထုတ် အလန်းစား Qualcomm Snapdragon 855+ Chipset မောင်းနှင်ထားပါတယ်။ 8GB RAM အထိ ရွေးချယ်နိုင်ပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP , 16MP Ultrawide နဲ့ 8MP Telephoto Camera တွေ ပါပါတယ်။ အရှေ့ Camera မပါဘဲ အနောက် Camera တွေနဲ့ ဆဲလ်ဖီး ဆွဲနိုင်ပါတယ်။

Ref : gsmarena