လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ZTE ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Ni Fei က မကြာခင် မိတ်ဆက်လာမယ့် စမတ်ဖုန်းဟာ Axon 20 5G ဖြစ်ကြောင်းနဲ့ ဟန်းဆက်ရဲ့ အသေးစိတ်အချက်အလက်တွေကို မျှဝေခဲ့ပါသေးတယ်။ ဒီတုန်းကတော့ Axon 20 5G ရဲ့ မျက်နှာပြင်ပိုင်းကိုပဲ တွေ့မြင်ခဲ့ကြရတာပါ။

Ni Fei က Axon 20 5G အကြောင်းပြောပြီးရက်ပိုင်းအတွင်းမှာ ဒီဟန်းဆက်ရဲ့ တရားဝင် Render လည်း ထွက်လာခဲ့တာပါ။ ဒီ Render မှာတော့ ဟန်းဆက်ရဲ့ ကျောဘက်ပိုင်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် TENAA ကတစ်ဆင့် မြင်တွေ့ရတဲ့ပုံရိပ်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ZTE Axon 20 5G ရဲ့ မိတ်ဆက်ရက်ဟာ စက်တင်ဘာလ ၁ ရက်နေ့လို့ ဆိုပါတယ်။ ဝမ်းနည်းစရာကောင်းတာ တစ်ခုက Under-display Selfie ကင်မရာကိုတော့ အခုထွက်လာတဲ့ တရားဝင် Render မှာလည်း သေချာမမြင်တွေ့ရတာပါပဲ။ ဒါပေမယ့် ကျောဘက်ကင်မရာတွေရဲ့ တည်ရှိပုံကတော့ TENAA မှာမြင်တွေ့ရသလိုပဲ ကင်မရာလေးလုံးကို ဒေါင်လိုက် အပေါ်အောက် ဆင့်တန်းထားတာပါ။

ကျောဘက်ကင်မရာတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပေမယ့် အဓိကကင်မရာကတော့ 64MP လို့ သိရပါတယ်။ 6.92-inch မျက်နှာပြင်ဟာ Full HD+ OLED အမျိုးအစား ဖြစ်ဖွယ်ရှိပါတယ်။ ခလုတ်တွေအားလုံးက ဟန်းဆက်ရဲ့ ညာဘက်ခြမ်းမှာပဲ ရှိနေပါတယ်။

မျက်နှာပြင်အောက်မှာတော့ Snapdragon 765G chipset နဲ့အတူ 12GB of RAM ကို တွဲဖက်ထားပြီး သိုလှောင်မှုပမာဏ 256GB ရှိနေပါတယ်။ ဘက်ထရီကတော့ 4,300mAh ဒါမှမဟုတ် 4,400mAh ပမာဏ ဖြစ်ပါလိမ့်မယ်။

Ref: GSM Arena