OnePlus CEO နဲ့ ပူးတွဲတည်ထောင်သူ Pete Lau က “ OnePlus ဟာ စမတ်ဖုန်း သုံးသူတွေအတွက် လျှင်မြန် ချောမွတ်တဲ့ User Experience ရစေဖို့အတွက် အမြဲကြိုးစားနေပါတယ်။ ဒီလို ရအောင် မှန်ကန်တဲ့ Hardware နဲ့ Software ပေါင်းစပ်မှုတွေလိုအပ်ပါတယ်။ “ လို့ ဖိုရမ် ပို့စ် ၁ ခုမှာ ပြောပါတယ်။ သူက OnePlus 8 ဖုန်းတွေအတွက် ကုမ္ပဏီရဲ့ သုတေသန ဌာနက ကြိုးစားနေတာတွေကို ပြောပြခဲ့တာပါ။

OnePlus 8 ဖုန်းတွေမှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ သေချာပါတယ်။ Chip အသစ်ဟာ CPU နဲ့ GPU စွမ်းရည်အပိုင်းမှာ ၂၅ ရာခိုင်နှုန်း တိုးတက်လာပြီး စွမ်းအင် စားသုံးမှုမှာ ၄ ပုံပုံ ၁ ပုံ သက်သာလာပါတယ်။ ဒါ့အပြင် စွမ်းအင်စားသုံးမှု သက်သာတဲ့ Video Encoder နဲ့ DSP ထည့်သွင်းထားပါတယ်။

Chipset အသစ်ဟာ ပိုမြန်တဲ့ LPDDR5 RAM နဲ့ ပူးပေါင်း အလုပ်လုပ်မှာ ဖြစ်ပြီး OnePlus 7T Pro မှာ ပါတဲ့ LPDDR4X RAM ရဲ့ 4,266Mbps ထက် ပိုမြန်တဲ့ 6,400Mbps ကို ထောက်ပံ့ပေးပါတယ်။ အရင်စံနှုန်းတွေထက် စွမ်းအင် စားသုံးမှုက ၄၅ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။

OnePlus 8 နဲ့ 8 Pro မှာ 7 နဲ့ 7T Series မှာလို  UFS 3.0 Storage တပ်ဆင်ထားပါတယ်။ OnePlus က Read/Write Speed က 1,700MB/s လောက်ရှိမယ်လို့ ပြောပါတယ်။ CEO က Hardware တွေ ကောင်းရုံနဲ့ မပြီးတဲ့အတွက် ကုမ္ပဏီဟာ Software ကိုလည်း အထူးဖန်တီးနေတယ်လို့ ပြောပါတယ်။

OnePlus က 8 Sereis တွေမှာ 5G နဲ့ 120Hz Screen ပါမယ်လို့ အရင်က သတင်းပေးထားပြီး ၁၄ ရက်နေ့မှာ ကြေညာဖို့ အတည်ပြုထားပါတယ်။

Ref : gsmarena