ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ Ultrawide ဆဲလ်ဖီး ကင်မရာတွေ ပါလာတဲ့အတွက် ဆဲလ်ဖီး စတစ်တွေ မလိုတော့ပါဘူး။ OnePlus Nord မှာလည်း  အရှေ့ ကင်မရာ ၂ လုံးပါလာမှာ ဖြစ်ပြီး အပို ၁ လုံးဟာ ၁၀၅ ဒီဂရီ Ultrawide ကင်မရာ ဖြစ်မယ်လို့ OnePlus Nord ရဲ့ အင်စတာဂရမ် အကောင့်က Teaser နဲ့ သတင်းပေးထားပါတယ်။

အရင်ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Ultrawide ကင်မရာဟာ 8MP ဖြစ်ပြီး 32MP Main ကင်မရာနဲ့ တွဲဖက်ထားမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ 48MP Wide, 8MP Ultrawide , 2MP Macro နဲ့ 5MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။

OnePlus Nord ကို ၂၁ ရက်နေ့မှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပြီး အဲဒီပွဲမှာ OnePlus Buds ကိုပါ မိတ်ဆက်နိုင်ပါတယ်။ ခရီးသွားလာရင်း ဆဲလ်ဖီး စတစ်ကို သုံးတဲ့အတွက် မတော်တဆ ဖြစ်ပြီး အသက်သေဆုံးသူများစွာ ရှိပါတယ်။ အခု Teaser မှာ OnePlus က ၁ နှစ်ကို လူ ၃၀၀၀ လောက်ဟာ ဆဲလ်ဖီး စတစ်ကြောင့် အသက်သေဆုံးတယ်လို့ ဆိုထားပါတယ်။ အဲဒီ ပမာဏဟာ တကယ်ထက် တော်တော်ပိုနေတယ်လို့ ထင်ပါတယ်။ ၂၀၁၈ ခုနှစ်က သုတေသန စစ်တမ်း ၁ ခုအရ ၂၀၁၁ အောက်တိုဘာလနဲ့ ၂၀၁၇ နိုဝင်ဘာလအတွင်း ဆဲလ်ဖီး စတစ်ကြောင့် လူ ၂၅၉ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Ref : gsmarena