[Unicode]

OPPO ရဲ့ Global VP Shen Yiren က Reno3 ဖုန်းတွေမှာ 360 Degree Antennas တွေ ပါလာမှာ ဖြစ်ပြီး ဖုန်းကို ဘယ်လို ကိုင်ကိုင် ဆက်သွယ်မှု ပိုကောင်းစေမှာ ဖြစ်ပါတယ်လို့ အသိပေးလိုက်ပါတယ်။ လုပ်နေတဲ့ အလုပ်ပေါ် မူတည်ပြီး 4G နဲ့ 5G ဆက်သွယ်မှုတွေကို အလိုလို ပြောင်းပေးနိုင်တဲ့ ဉာဏ်ရည်တု နည်းပညာတွေက တော်တော် မိုက်ပါတယ်။ ဥပမာအားဖြင့် ဗီဒီယို ၁ ခုကို ဖွင့်ရင် လျှင်မြန်စေဖို့ 5G Mode ကို ပြောင်းပေးမှာ ဖြစ်ပါတယ်။ ဖုန်း အပူချိန် မမြင့်အောင်နဲ့ ဘက်ထရီ စားသုံးတာ သက်သာစေတဲ့ နည်းပညာ ပါပါတယ်။


OPPO Reno3 နဲ့ Reno3 Pro ၂ လုံးစလုံးအတွက် 5G မော်ဒယ်တွေ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး MediaTek Dimensity 1000 နဲ့ Snapdragon 765 Chipset တွေ အသီးသီး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ SA & NSA Modes တွေကို ထောက်ပံ့တဲ့ Modem တွေ ပါလာမှာပါ။ အဲဒီအတွက် အနာဂတ်ရဲ့ စံနှုန်းနဲ့ ကိုက်ညီသွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီက မျှဝေထားတဲ့ အထက်ပါ ဗီဒီယိုမှာ Reno3 ရဲ့ 5G Download Speeds အကြောင်းကို ပြသထားပါတယ်။ ကုမ္ပဏီက နောက်ထပ် Teaser တွေကိုလည်း မျှဝေထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက OPPO Reno3 Pro 5G ရဲ့ Specs တွေ TENAA ကနေ ထွက်ပေါ်လာပါတယ်။ အရွယ်ကြီး မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး ဆဲလ်ဖီးကင်မရာကို Punch Hole ဒီဇိုင်းထည့်သွင်းထားမှာပါ။ အနောက်ကင်မရာ ၄ လုံး နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ Reno3 Series တွေကို ဒီလထဲ ကြေညာတော့မှာဖြစ်ပေမယ့် ကုမ္ပဏီက ရက်အတိအကျကို မပြောသေးပါဘူး။

Ref : gsmarena

[Zawgyi]

OPPO Reno3 ဖုန္းေတြမွာ ဆက္သြယ္မႈ ပိုေကာင္းတဲ့ 360 Degree Antennas ေတြ ပါမည္

OPPO ရဲ႕ Global VP Shen Yiren က Reno3 ဖုန္းေတြမွာ 360 Degree Antennas ေတြ ပါလာမွာ ျဖစ္ၿပီး ဖုန္းကို ဘယ္လို ကိုင္ကိုင္ ဆက္သြယ္မႈ ပိုေကာင္းေစမွာ ျဖစ္ပါတယ္လို႔ အသိေပးလိုက္ပါတယ္။ လုပ္ေနတဲ့ အလုပ္ေပၚ မူတည္ၿပီး 4G နဲ႔ 5G ဆက္သြယ္မႈေတြကို အလိုလို ေျပာင္းေပးႏိုင္တဲ့ ဥာဏ္ရည္တု နည္းပညာေတြက ေတာ္ေတာ္ မိုက္ပါတယ္။ ဥပမာအားျဖင့္ ဗီဒီယို ၁ ခုကို ဖြင့္ရင္ လွ်င္ျမန္ေစဖို႔ 5G Mode ကို ေျပာင္းေပးမွာ ျဖစ္ပါတယ္။ ဖုန္း အပူခ်ိန္ မျမင့္ေအာင္နဲ႔ ဘက္ထရီ စားသံုးတာ သက္သာေစတဲ့ နည္းပညာ ပါပါတယ္။


OPPO Reno3 နဲ႔ Reno3 Pro ၂ လံုးစလံုးအတြက္ 5G ေမာ္ဒယ္ေတြ ထုတ္လုပ္ေပးမွာ ျဖစ္ၿပီး MediaTek Dimensity 1000 နဲ႔ Snapdragon 765 Chipset ေတြ အသီးသီး ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ဖုန္း ၂ လံုးစလံုးမွာ SA & NSA Modes ေတြကို ေထာက္ပံ့တဲ့ Modem ေတြ ပါလာမွာပါ။ အဲဒီအတြက္ အနာဂတ္ရဲ႕ စံႏႈန္းနဲ႔ ကိုက္ညီသြားမွာ ျဖစ္ပါတယ္။

ကုမၸဏီက မွ်ေ၀ထားတဲ့ အထက္ပါ ဗီဒီယိုမွာ Reno3 ရဲ႕ 5G Download Speeds အေၾကာင္းကို ျပသထားပါတယ္။ ကုမၸဏီက ေနာက္ထပ္ Teaser ေတြကိုလည္း မွ်ေ၀ထားၿပီး ေအာက္မွာ ေလ့လာႏုိင္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက OPPO Reno3 Pro 5G ရဲ႕ Specs ေတြ TENAA ကေန ထြက္ေပၚလာပါတယ္။ အရြယ္ႀကီး မ်က္ႏွာျပင္ပါလာမွာ ျဖစ္ၿပီး ဆဲလ္ဖီးကင္မရာကို Punch Hole ဒီဇိုင္းထည့္သြင္းထားမွာပါ။ အေနာက္ကင္မရာ ၄ လံုး နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ပါလာမွာပါ။ Reno3 Series ေတြကို ဒီလထဲ ေၾကညာေတာ့မွာျဖစ္ေပမယ့္ ကုမၸဏီက ရက္အတိအက်ကို မေျပာေသးပါဘူး။

Ref : gsmarena