Sony က PlayStation 5 ရဲ့ Hardware တွေ အကြောင်းကို ပြီးခဲ့တဲ့ ၁ ပတ်က အသေးစိတ် ကြေညာသွားပေမယ့် Software အကြောင်းကို မပြောသွားပါဘူး။ အခုတော့ User Interface ဟာ PS4 နဲ့ လုံးဝ ကွဲပြားမယ်လို့ Sony ရဲ့ OX Design for PlayStation ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Matt MacLaurin က သူ့ရဲ့ Linkedin ပို့စ်မှာ ရေးသားထားပါတယ်။

MacLaurin က အသေးစိတ် မပြောပေမယ့် UI ဟာ Visual Language အသစ်ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ အဓိက အာရုံစိုက်ထားတာက အမြန်နှုန်း ဖြစ်ပြီး သူက UI ၁ ခုလုံးမှာ Milliseconds နဲ့ အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

PS5 မှာ Custom-designed SSD ကို အသုံးပြုထားပြီး စွမ်းရည်မြင့် PC SSDs တွေကို ကောင်းကောင်း အနိုင်ယူနိုင်တဲ့အတွက် ဒါဟာ သဘာဝကျပါတယ်။ Xbox Series X တွေထက်တောင် ပိုမြန်လာနိုင်ပါတယ်။ Load Times က အရမ်းကို မြန်ဆန်မှာ ဖြစ်ပါတယ်။

Matt MacLaurin က PS5 ရဲ့ Color ကို မကြိုက်ရင် အထူးထုတ် Edition ရှိတယ်လို့ပြောပြီး ဒါဟာ အနက်ရောင်မော်ဒယ် ဖြစ်နိုင်ပါတယ်။

Ref : gsmarena