[Zawgyi]

Redmi Note 8T ကို တရား၀င္ေတာင္ မေၾကညာရေသးပါဘူး။ အခုေတာ့ Giztop က သူ႔ရဲ႕ ၀က္ဘ္ဆိုက္မွာ ႀကိဳတင္မွာယူခြင့္ျပဳလိုက္ပါတယ္။ စိတ္၀င္စားစရာေကာင္းတာက လာမယ့္တစ္ပတ္မွာ ပို႔ေဆာင္ေပးမယ္လို႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္။ Giztop က Redmi Note 8T ရဲ႕ Global Version ကို ၁၉၉ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃ သိန္းေလာက္ရွိပါတယ္။ ၀က္ဘ္ဆိုက္မွာ Storage ၁ မ်ိဳးသာ တင္ထားတာ ျဖစ္ၿပီး 4GB RAM နဲ႔ 64GB Storage ျဖစ္ပါတယ္။ အနက္ေရာင္ ေမာ္ဒယ္ကို ျပသထားပါတယ္။

Redmi Note 8T ရဲ႕ ဒီဇိုင္းဟာ Redmi Note 8 နဲ႔ တူၿပီး အေနာက္ဘက္မွာ ကင္မရာ ၄ လံုးနဲ႔ လက္ေဗြရာ အာရံုခံကိရိယာ ပါပါတယ္။ အေရွ႕ဘက္မွာ Waterdrop Notch တပ္ဆင္ထားပါတယ္။ Redmi Note 8T နဲ႔ Redmi Note 8 ရဲ႕ အဓိက ကြာျခားခ်က္က ေမာ္ဒယ္အသစ္မွာ NFC ပါလာတာ ျဖစ္ပါတယ္။ အိႏၵိယ အပါအ၀င္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ NFC ကို တြင္တြင္က်ယ္က်ယ္ အသံုးျပဳေနၾကပါတယ္။ အဲဒီအတြက္ Redmi Note 8T ဟာ ႏုိင္ငံတကာအတြက္ ရည္ရြယ္ထုတ္လုပ္ထားတာ ျဖစ္ႏုိင္ပါတယ္။

Redmi Note 8T ရဲ႕ တျခား Specifications ေတြက Redmi Note 8 နဲ႔ တူညီပါတယ္။ ၆.၃ လက္မ FHD+ Display တပ္ဆင္ထားၿပီး Qualcomm Snapdragon 665 Octa-core Processor ေမာင္းႏွင္ထားပါတယ္။ အေနာက္ဘက္မွာ 48MP+8MP+2MP+2MP Quad-Camera ပါလာၿပီး ဘက္ထရီက 4,000mAh ျဖစ္ပါတယ္။ Giztop က အဲဒီ စမတ္ဖုန္းမွာ Android 9 အေျချပဳ MIUI 10 ထည့္သြင္းထားမယ္လို႔ ေဖာ္ျပထားပါတယ္။ Giztop မွာ ေရာင္းဖို႔ စာရင္းတင္ထားၿပီ ျဖစ္တဲ့ အတြက္ မၾကာခင္မွာ  ေၾကညာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Redmi Note 8T ကို ရောင်းဖို့ စာရင်းတင်ထားပြီ

Redmi Note 8T ကို တရားဝင်တောင် မကြေညာရသေးပါဘူး။ အခုတော့ Giztop က သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက လာမယ့်တစ်ပတ်မှာ ပို့ဆောင်ပေးမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ Giztop က Redmi Note 8T ရဲ့ Global Version ကို ၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက်ရှိပါတယ်။ ဝက်ဘ်ဆိုက်မှာ Storage ၁ မျိုးသာ တင်ထားတာ ဖြစ်ပြီး 4GB RAM နဲ့ 64GB Storage ဖြစ်ပါတယ်။ အနက်ရောင် မော်ဒယ်ကို ပြသထားပါတယ်။

Redmi Note 8T ရဲ့ ဒီဇိုင်းဟာ Redmi Note 8 နဲ့ တူပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ လက်ဗွေရာ အာရုံခံကိရိယာ ပါပါတယ်။ အရှေ့ဘက်မှာ Waterdrop Notch တပ်ဆင်ထားပါတယ်။ Redmi Note 8T နဲ့ Redmi Note 8 ရဲ့ အဓိက ကွာခြားချက်က မော်ဒယ်အသစ်မှာ NFC ပါလာတာ ဖြစ်ပါတယ်။ အိန္ဒိယ အပါအဝင် နိုင်ငံတော်တော်များများမှာ NFC ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ အဲဒီအတွက် Redmi Note 8T ဟာ နိုင်ငံတကာအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်နိုင်ပါတယ်။

Redmi Note 8T ရဲ့ တခြား Specifications တွေက Redmi Note 8 နဲ့ တူညီပါတယ်။ ၆.၃ လက်မ FHD+ Display တပ်ဆင်ထားပြီး Qualcomm Snapdragon 665 Octa-core Processor မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 48MP+8MP+2MP+2MP Quad-Camera ပါလာပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။ Giztop က အဲဒီ စမတ်ဖုန်းမှာ Android 9 အခြေပြု MIUI 10 ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ Giztop မှာ ရောင်းဖို့ စာရင်းတင်ထားပြီ ဖြစ်တဲ့ အတွက် မကြာခင်မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina