[Zawgyi]

Redmi က လက္ပ္ေတာ့ ေစ်းကြက္ကို သူ႔ရဲ႕ ပထမဆံုး လက္ပ္ေတာ့ ျဖစ္တဲ့ RedmiBook 14 နဲ႔ ဒီႏွစ္ အေစာပိုင္းက ၀င္ေရာက္လာခဲ့ပါတယ္။ RedmiBook 14 ဟာ ပါးလႊာၿပီး ဒီဇိုင္းက အရမ္းမိုက္ပါတယ္။ တရုတ္မွာသာ ေရာင္းခ်ေပးထားတာ ျဖစ္ေပမယ့္ အခုေတာ့ Eurasian Economic Commision (EEC) မွာ မွတ္ပံုတင္လိုက္ပါတယ္။ အဲဒီအတြက္ ဥေရာပမွာ မၾကာခင္ ေရာင္းေပးေတာ့မွာ ျဖစ္ပါတယ္။ Redmi ဟာ ေပးရတဲ့ ေစ်းထက္  တန္တဲ့ စမတ္ဖုန္းေတြေၾကာင့္ လူႀကိဳက္မ်ားပါတယ္။ လက္ပ္ေတာ့ နယ္ပယ္မွာေရာ ေအာင္ျမင္ႏုိင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

RedmiBook 14 မွာ ၁၄ လက္မ 1080p IPS Display ထည့္သြင္းထားၿပီး 8th Generation Intel Core i5 or i7 Processors ေတြ ေမာင္းႏွင္ထားပါတယ္။ Nvidia GeForce MX250 GPU အတြက္ သီးျခား 2GB RAM ပါပါတယ္။ 8GB RAM နဲ႔ 512GB SATA SSD ေတြ အထိ ေရြးခ်ယ္ႏုိင္ပါတယ္။

လက္ပ္ေတာ့ဟာ အရြယ္အစား က်စ္လစ္ ေပါ့ပါးပါတယ္။ အလူမီနီယမ္ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး ၁.၅ ကီလိုဂရမ္သာ ရွိပါတယ္။ ၁၈ မီလီမီတာသာ ထူတဲ့အတြက္ ဒီဇိုင္းက အရမ္းလန္းပါတယ္။ မ်က္နွာျပင္ေဘးေဘာင္ေတြက ပါးလႊာၿပီး Screen-to-body Ratio မွာ ၈၁.၂ ရာခုိင္ႏႈန္း ရွိပါတယ္။

တရုတ္မွာ RedmiBook 14 ရဲ႕ Core i5 / 256GB SSD Model ကို ယြမ္ ၄,၀၀၀ ( ယူရို ၄၁၀) သတ္မွတ္ထားၿပီး ျမန္မာေငြ ၈ သိန္းခြဲ ေလာက္ရွိပါတယ္။ 512GB Model ကို လိုခ်င္ရင္ေတာ့ ယူရို ၄၀ (ျမန္မာေငြ ၇ ေသာင္းနီးပါး) ပိုေပးရမွာ ျဖစ္ပါတယ္။ တရုတ္ ျပင္ပမွာ ဒီထက္ ပိုေစ်းမ်ားနုိင္ပါတယ္။

Ref : gsmarena

[Unicode]

ဥရောပမှာ ရောင်းပေးတော့မယ့် RedmiBook 14

Redmi က လက်ပ်တော့ ဈေးကွက်ကို သူ့ရဲ့ ပထမဆုံး လက်ပ်တော့ ဖြစ်တဲ့ RedmiBook 14 နဲ့ ဒီနှစ် အစောပိုင်းက ဝင်ရောက်လာခဲ့ပါတယ်။ RedmiBook 14 ဟာ ပါးလွှာပြီး ဒီဇိုင်းက အရမ်းမိုက်ပါတယ်။ တရုတ်မှာသာ ရောင်းချပေးထားတာ ဖြစ်ပေမယ့် အခုတော့ Eurasian Economic Commision (EEC) မှာ မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီအတွက် ဥရောပမှာ မကြာခင် ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ Redmi ဟာ ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်းတွေကြောင့် လူကြိုက်များပါတယ်။ လက်ပ်တော့ နယ်ပယ်မှာရော အောင်မြင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

RedmiBook 14 မှာ ၁၄ လက်မ 1080p IPS Display ထည့်သွင်းထားပြီး 8th Generation Intel Core i5 or i7 Processors တွေ မောင်းနှင်ထားပါတယ်။ Nvidia GeForce MX250 GPU အတွက် သီးခြား 2GB RAM ပါပါတယ်။ 8GB RAM နဲ့ 512GB SATA SSD တွေ အထိ ရွေးချယ်နိုင်ပါတယ်။

လက်ပ်တော့ဟာ အရွယ်အစား ကျစ်လစ် ပေါ့ပါးပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ၁.၅ ကီလိုဂရမ်သာ ရှိပါတယ်။ ၁၈ မီလီမီတာသာ ထူတဲ့အတွက် ဒီဇိုင်းက အရမ်းလန်းပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပြီး Screen-to-body Ratio မှာ ၈၁.၂ ရာခိုင်နှုန်း ရှိပါတယ်။

တရုတ်မှာ RedmiBook 14 ရဲ့ Core i5 / 256GB SSD Model ကို ယွမ် ၄,၀၀၀ ( ယူရို ၄၁၀) သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းခွဲ လောက်ရှိပါတယ်။ 512GB Model ကို လိုချင်ရင်တော့ ယူရို ၄၀ (မြန်မာငွေ ၇ သောင်းနီးပါး) ပိုပေးရမှာ ဖြစ်ပါတယ်။ တရုတ် ပြင်ပမှာ ဒီထက် ပိုဈေးများနိုင်ပါတယ်။

Ref : gsmarena