[Zawgyi]

Drone နဲ႔ ေကာင္းကင္ကေန ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးတဲ့ နည္းပညာမ်ားကို ကုမၸဏီ အခ်ိဳ႕က တီထြင္ေနၾကပါတယ္။ ဒါ့အျပင္ ေျမျပင္ကေနပဲ ေမာင္းသူမဲ့ စက္ရုပ္မ်ားျဖင့္ ကုန္ပစၥည္းမ်ား ပို႔ေဆာင္ေပးဖို႔ ႀကိဳးစားေနသူမ်ားစြာလည္း ရွိၾကပါတယ္။  ကုန္ပစၥည္းပို႔ေဆာင္ေပးတဲ့ ဘီးတပ္ စက္ရုပ္မ်ားရဲ႕ နည္းပညာဟာ ဒရုန္းမ်ားေလာက္ မလန္းပါဘူး။ ဒါေပမယ့္ ဒရုန္းမ်ားကို အၾကမ္းဖက္ လက္နက္မ်ားအျဖစ္ အသံုးျပဳႏုိင္တဲ့အတြက္ စီးပြားျဖစ္ ဒရုန္းသံုးျခင္းကို ႏုိင္ငံမ်ားစြာမွာ ခြင့္ျပဳထားျခင္း မရွိေသးပါဘူး။

အခုေတာ့ Delivery Robot နယ္ပယ္ကို ၀င္ေရာက္လာတာက အေမရိကန္ အေျခစုိက္ Refraction A.I ျဖစ္ပါတယ္။ Refraction A.I က Rev-1 အမည္ရ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေပးတဲ့ စက္ရုပ္ကို ျပသလိုက္ပါတယ္။ မီခ်ီဂန္ တကၠသိုလ္မွ ပါေမာကၡ Matthew Johnson-Roberson နဲ႔ Ram Vasudevan က တီထြင္ထားတာ ျဖစ္ပါတယ္။ Delivery Robot အမ်ားစုမွာ ဘီးေလးခု ပါပါတယ္။ သူ႔မွာေတာ့ ဘီးသံုးခုသာ ပါပါတယ္။

သူ႔မွာ ကုန္ပစၥည္းထည့္တဲ့ အခန္းငယ္ပါပါတယ္။ ကုန္ပစၥည္းထည့္တဲ့ အခန္းဟာ ၁၆ ကုဗေပ က်ယ္၀န္းပါတယ္။ အစားအစာထည့္တဲ့ အိတ္ ေလးခု၊ ငါးခုေလာက္ ထည့္သြင္းႏုိင္တယ္လို႔ ကုမၸဏီကေျပာပါတယ္။ အခန္းကို Lock လုပ္ထားၿပီး မွာယူသူက သူ႔ထံ ပို႔ထားတဲ့ တစ္ခါသံုး Password နဲ႔ ဖြင့္မွသာ ကုန္ပစၥည္းကို ရယူႏုိင္ပါတယ္။ အျခားလူမ်ား မခိုးယူႏုိင္ေအာင္ ကာကြယ္ထားတာ ျဖစ္ပါတယ္။

သူဟာ ေပါင္ ၁၀၀ အေလးခ်ိန္ရွိၿပီး အျမန္ဆံုးအေနနဲ႔ တစ္နာရီလွ်င္ ၁၅ မိုင္ႏႈန္းအထိ  ေမာင္းနွင္ႏိုင္ပါတယ္။   သူ႔မွာ ကင္မရာ ၁၂ လံုးေတာင္ ထည့္သြင္းထားတဲ့အျပင္ Radar နဲ႔ Ultrasound Sensors မ်ား ပါပါတယ္။ စက္ရုပ္ဟာ ေသးငယ္ေပါ့ပါးတဲ့အတြက္ စက္ဘီးသြားတဲ့ လမ္းမွာေတာင္ သြားလာႏုိင္တယ္လို႔ တီထြင္သူမ်ားက  ေျပာပါတယ္။ သူက ရာသီဥတု ၾကမ္းတမ္းရင္လည္း သြားႏုိင္တယ္လို႔ သိရပါတယ္။ ကုမၸဏီက အေစာပိုင္းမွာ အစားအစာမ်ားကို  စမ္းသပ္ပို႔ေဆာင္မွာပါ။ စားေသာက္ဆိုင္မ်ားနဲ႔လည္း သေဘာတူညီမႈ ရထားပါတယ္။  ကုမၸဏီက ေနာက္ပိုင္းမွာ ၀န္ေဆာင္မႈကို တုိးခ်ဲ႕မွာပါ။

Ref : digitaltrends

[Unicode]

ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမယ့် Rev-1 Delivery Robot

Drone နဲ့ ကောင်းကင်ကနေ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ နည်းပညာများကို ကုမ္ပဏီ အချို့က တီထွင်နေကြပါတယ်။ ဒါ့အပြင် မြေပြင်ကနေပဲ မောင်းသူမဲ့ စက်ရုပ်များဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးဖို့ ကြိုးစားနေသူများစွာလည်း ရှိကြပါတယ်။ ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့ ဘီးတပ် စက်ရုပ်များရဲ့ နည်းပညာဟာ ဒရုန်းများလောက် မလန်းပါဘူး။ ဒါပေမယ့် ဒရုန်းများကို အကြမ်းဖက် လက်နက်များအဖြစ် အသုံးပြုနိုင်တဲ့အတွက် စီးပွားဖြစ် ဒရုန်းသုံးခြင်းကို နိုင်ငံများစွာမှာ ခွင့်ပြုထားခြင်း မရှိသေးပါဘူး။

အခုတော့ Delivery Robot နယ်ပယ်ကို ဝင်ရောက်လာတာက အမေရိကန် အခြေစိုက် Refraction A.I ဖြစ်ပါတယ်။ Refraction A.I က Rev-1 အမည်ရ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ်ကို ပြသလိုက်ပါတယ်။ မီချီဂန် တက္ကသိုလ်မှ ပါမောက္ခ Matthew Johnson-Roberson နဲ့ Ram Vasudevan က တီထွင်ထားတာ ဖြစ်ပါတယ်။ Delivery Robot အများစုမှာ ဘီးလေးခု ပါပါတယ်။ သူ့မှာတော့ ဘီးသုံးခုသာ ပါပါတယ်။

သူ့မှာ ကုန်ပစ္စည်းထည့်တဲ့ အခန်းငယ်ပါပါတယ်။ ကုန်ပစ္စည်းထည့်တဲ့ အခန်းဟာ ၁၆ ကုဗပေ ကျယ်ဝန်းပါတယ်။ အစားအစာထည့်တဲ့ အိတ် လေးခု၊ ငါးခုလောက် ထည့်သွင်းနိုင်တယ်လို့ ကုမ္ပဏီကပြောပါတယ်။ အခန်းကို Lock လုပ်ထားပြီး မှာယူသူက သူ့ထံ ပို့ထားတဲ့ တစ်ခါသုံး Password နဲ့ ဖွင့်မှသာ ကုန်ပစ္စည်းကို ရယူနိုင်ပါတယ်။ အခြားလူများ မခိုးယူနိုင်အောင် ကာကွယ်ထားတာ ဖြစ်ပါတယ်။

သူဟာ ပေါင် ၁၀၀ အလေးချိန်ရှိပြီး အမြန်ဆုံးအနေနဲ့ တစ်နာရီလျှင် ၁၅ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ သူ့မှာ ကင်မရာ ၁၂ လုံးတောင် ထည့်သွင်းထားတဲ့အပြင် Radar နဲ့ Ultrasound Sensors များ ပါပါတယ်။ စက်ရုပ်ဟာ သေးငယ်ပေါ့ပါးတဲ့အတွက် စက်ဘီးသွားတဲ့ လမ်းမှာတောင် သွားလာနိုင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ သူက ရာသီဥတု ကြမ်းတမ်းရင်လည်း သွားနိုင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီက အစောပိုင်းမှာ အစားအစာများကို စမ်းသပ်ပို့ဆောင်မှာပါ။ စားသောက်ဆိုင်များနဲ့လည်း သဘောတူညီမှု ရထားပါတယ်။ ကုမ္ပဏီက နောက်ပိုင်းမှာ ဝန်ဆောင်မှုကို တိုးချဲ့မှာပါ။

Ref : digitaltrends