၂၀၂၁ ခုနှစ်မှာ NFTs တွေဟာ ရုပ်ပုံကမ္ဘာထဲကို ဝင်ရောက်လာတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီအဖိုးတန်ဒီဂျစ်တယ်ပိုင်ဆိုင်မှုတွေက လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက တည်ရှိနေခဲ့တာပါ။

ဒီနှစ်ထဲမှာ ထင်ရှားကျော်ကြားတဲ့ NFTs အရောင်းအဝယ်အချို့ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်၊ မျက်လုံးမျက်ဆံပြူးလောက်စရာဈေးနှုန်းနဲ့ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုက အံ့သြဖွယ်ရာဒီဂျစ်တယ်ဖြစ်စဉ်ကို မီးမောင်းထိုးပြနေပြီး မီဒီယာတွေရဲ့ အာရုံစိုက်မှုအောက်လည်း ရောက်ရှိလာပါတော့တယ်။ ဒါကြောင့် ကမ္ဘာပေါ်က NFTs တွေက ဘာတွေလဲ၊ ဘယ်လိုစဖြစ်လာကြတာလဲဆိုပြီး လူတိုင်းက မေးနေကြတာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

NFTs တွေက ဘာတွေလဲ

အလွယ်ပြောရရင်တော့ NFTs ဒါမှမဟုတ် Non-fungible tokens ဆိုတာ ဒီဂျစ်တယ်ပိုင်ဆိုင်မှုတစ်မျိုးပါပဲ။ သူတို့ရဲ့ သမိုင်းကြောင်းအပြည့်အစုံနဲ့ အရောင်းအဝယ်ကိစ္စအချက်အလက်တွေကို Blockchain လို့ခေါ်တဲ့ ဒီဂျစ်တယ်စာရင်းမှာ သိုလှောင်ထားပါတယ်။ ဒါဟာ ထူးခြားပြီးအတုမရှိတဲ့ အဖိုးတန်ပိုင်ဆိုင်မှုဖြစ်ပြီး ဖလှယ်လို့လည်းမရကြောင်း အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

NFTs တွေဟာ ကျယ်ပြန့်တဲ့အရာတွေအပေါ် သက်ရောက်လွှမ်းခြုံနိုင်ပါတယ်။ Beeple ရဲ့ The First 5000 Days လို လူကြိုက်များတဲ့ ဒီဂျစ်တယ်အနုပညာလက်ရာကို ရင်သပ်ရှုမောစရာကောင်းလောက်အောင် US$69.3 သန်းနဲ့ ရောင်းချနိုင်ခဲ့ ပါတယ်။  နောက်ထပ်ဥပမာကတော့ Crypto အနုပညာရှင် Josie ဖန်တီးထားတဲ့ NFTs တွေဖြစ်တဲ့ “Choose #4” နဲ့ “Choose #5” လို့ခေါ်တဲ့ Crypto art ဒီနှစ်ခုဟာ တူညီပုံပေါ်ပေမဲ့ Blockchain ပေါ်မှာတော့ လုံးဝကိုကွဲပြားခြားနားပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ဆိုရင်တော့ Fungible assets တွေဟာ Wallet ထဲက Bitcoin ဒါမှမဟုတ် ငွေကြေးလိုမျိုး လဲလှယ်နိုင်တဲ့ Item တွေလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ဒေါ်လာတစ်ရာတန်က တခြားဒေါ်လာတစ်ရာတန်ငွေစက္ကူလိုပဲဖြစ်ပြီး လုံးဝကိုလဲလှယ်နိုင်သလိုမျိုး ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်က NFTs များ

2012 – Colored Coins

Bitcoin 2.x လို့ လူသိများတဲ့ Colored coins တွေဟာ ဒီဂျစ်တယ်အဖိုးတန်ပစ္စည်းတစ်ခုပဲဖြစ်ပြီး Satoshi တစ်ခုလိုသေးငယ်တဲ့ Bitcoin အမျိုးအစားကွဲတစ်ခုပဲ ဖြစ်ပါတယ်။ အချို့က NFTs အဖြစ်မသတ်မှတ်ကြပေမဲ့ တန်ဖိုးသတ်မှတ်ဖို့လမ်းပွင့်နေသလို Blockchain မှာလည်း ပစ္စည်းတစ်ခုအဖြစ် ရှိနေနိုင်ပါတယ်။

Colored coins တွေရဲ့ နောက်ကွယ်ကအယူအဆဟာ Colored coins တွေက သေးငယ်လွန်းတဲ့ Bitcoins တွေကို ဗဟိုပြုလည်ပတ်ရင်း သီးခြားအရည်အချင်းတွေနဲ့အတူ တိုကင်တွေအဖြစ်ပြောင်းလဲသွားတာမျိုးပါ။ ဒါဟာ Core Bitcoin ထိပ်မှာ အလွှာတစ်ခုကိုဖန်တီးပြီး လဲလှယ်ခြင်းဆိုင်ရာလုပ်ထုံးနဲ့ အချက်အလက်သစ်တွေ ဖြစ်ပေါ်စေပါတယ်။ Colored coins တွေဟာ ပိုင်ဆိုင်မှုအပိုင်းအခြား၊ ပိုင်ဆိုင်ရာဂုဏ်သတ္တိ၊ ဒီဂျစ်တယ်စုဆောင်းမှု၊ ကုမ္ပဏီအစုရှယ်ယာ စတာတွေကို ကိုယ်စားပြုနိုင်ပါတယ်။

Colored coins တွေဟာ အရင်တုန်းကမမြင်ရတဲ့ Bitcoin စွမ်းရည်တွေရဲ့ နောက်ထပ်အလားအလာတွေကို ကမ္ဘာကြီးဆီပြသနေပေမဲ့ လူတိုင်းက သူတို့ရဲ့တန်ဖိုးကို သဘောတူမှသာ သီးခြားတန်ဖိုးတွေကိုလည်း ကိုယ်စားပြုနိုင်မယ်ဆိုတဲ့ ချို့ယွင်းချက်တစ်ခုတော့ ရှိနေပါတယ်။ Crypto သရုပ်ခွဲလေ့လာသူနဲ့ Sfermion တည်ထောင်သူ Andrew Steinwold ရဲ့ Medium article မှာတော့ Color coins တွေဟာ အားအနည်းဆုံးပါဝင်ပတ်သတ်မှုအဖြစ်ပဲရှိနေပြီး အကယ်၍ ပါဝင်ပတ်သက်မှုတစ်ခုက တန်ဖိုးကိုမသတ်မှတ်တော့ဘူးဆိုရင် စနစ်ကပြိုကွဲသွားတာမျိုးဖြစ်မယ်လို့ ရှင်းပြထားပါတယ်။

2014 – Quantum and Counterparty

Quantum ကို ကမ္ဘာပထမဦးဆုံး NFT ဒင်္ဂါးပြုလုပ်မှုလို့ လူအများကသတ်မှတ်ကြပါတယ်။ ဒါပေမဲ့ Quantum ကိုဖန်တီးခဲ့ချိန်က NFT အခေါ်အဝေါ်ဟာ Coin မဖြစ်သေးပါဘူး။ ဒါဟာ New York အနုပညာရှင် Kevin McCoy ရဲ့ Pixelated octagon ပုံသဏ္ဍာန် Animation တစ်ခုပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မေလ ၃ ရက်နေ့မှာ Namecoin blockchain ထဲထည့်သွင်းခဲ့ပြီး အဆိုပါမေလထဲမှာပဲ NFT အမျိုးအစားပိုင်ဆိုင်မှုလက်မှတ်နဲ့ ဆက်စပ်ပြီးပထမဆုံးလည်ပတ်လှုပ်ရှားမှုဖြစ်လာပါတယ်။ ဒါကို ပြီးခဲ့တဲ့ဇွန်လက Sotheby ရဲ့လေလံပွဲမှာ အသက်ရှူမှားလောက်တဲ့ဈေးနှုန်းအဖြစ် US$ 1.4 သန်းနဲ့ ရောင်းချခဲ့ရပါတယ်။

အဲဒီတစ်နှစ်ထဲမှာပဲ Peer-to-peer ငွေးကြေးပလက်ဖောင်း Counterparty ကို စတင်ခဲ့ပါတယ်။ ဒါဟာ ပိုင်ဆိုင်မှုဖန်တီးခြင်းနဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ရောင်းဝယ်နိုင်တဲ့ငွေကြေးတွေကို ဖန်တီးဖို့ နည်းလမ်းတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီလမ်းကြောင်းအောက်မှာ Trading card game နဲ့ Meme trading အပါအဝင် စီမံကိန်းအတော်များများနဲ့ အဖိုးတန်ပိုင်ဆိုင်မှုတွေဖြစ်ပေါ်လာပါတယ်။

2015 – Etheria and Spells of Genesis

Ethereum နီးပါးသက်တမ်းရင့်ပြီး NFT game လို့နာမည်ပေးထားတဲ့ Etheria ဟာ ပထမဦးဆုံး တင်းပြည့်ကျပ်ပြည့် NFT project ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ Ethereum ရဲ့ ပထမဆုံး Developer conference က DEVCON 1 မှာ တိုက်ရိုက်သရုပ်ပြခဲ့ပါတယ်။ Ethereum blockchain ကို စတင်ပြီးသုံးလအကြာမှာ Etheria ကိုလည်း စတင်ခဲ့ပါတယ်။

Etheria.world ဟာ ဆဋ္ဌဂံကွက်တွေနဲ့ပြုလုပ်ထားတဲ့ Virtual open world နဲ့တင်ဆက်ထားပြီး အသုံးပြုသူတွေဟာ ဝယ်နိုင်၊ ရောင်းနိုင်၊ NTFs အဖြစ် တည်ဆောက်နိုင်ပါတယ်။ Hexagonal piece တစ်ခုကို 1ETH နဲ့ ရောင်းချခဲ့ပြီး၊ အဲဒီအချိန်တုန်းက ၁ ဒေါ်လာအောက်တန်ဖိုးပဲ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ Tile တစ်ခုက 70ETH အတွက် US$266k နဲ့ လေလံဈေးဖြစ်တဲ့အထိ တန်ဖိုးမြင့်တက်သွားပါပြီ။

နောက်ထပ်ထင်ရှားတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုက Counterparty ပလက်ဖောင်းပေါ်မှာ Spells of Genesis game ကို စတင်ခဲ့ပြီး NFT အချိန်ဇယားမှာ သိသာထင်ရှားတဲ့ အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်စေခဲ့ခြင်းပါပဲ။ ဒါဟာ Trading card game လုပ်ဆောင်ချက်တွေပါဝင်တဲ့ ပထမဆုံး Blockchain အခြေခံ မိုလ်ဘိုင်းဂိမ်းလည်း ဖြစ်ပါတယ်။ Spells of Genesis ဟာ Counterparty ကတစ်ဆင့် Blockchain မှာ ဂိမ်းတွင်းပိုင်ဆိုင်မှုတွေကို ထုတ်ပေးခြင်းနဲ့ ICO စတင်တဲ့ ပထမဆုံး ကုမ္ပဏီလည်း ဖြစ်ပါတယ်။

2016 – Rare Pepes and Force of  Will

အဆိုပါအချိန်မှာ Counterparty ဟာ NFTs တိုင်းအတွက် Go-to ပလက်ဖောင်း ဖြစ်လာပါတော့တယ်။ အလားတူပဲ memes စီးပွားရေးကလည်း အကောင်အထည်ဖြစ်လာပြီး ရေပန်းအစားဆုံး memes တွေကို ရောင်းချကြပြီး Real-world money နဲ့ ဖလှယ်ကြပါတယ်။

Pepe the Frog ဇာတ်ကောင်ရဲ့ တစ်မူထူးတဲ့ Illustration နဲ့ Photoshop တွေဟာ Trading card တွေလို ဖြစ်လာကြပါတယ်။ Rare Pepe တွေဟာ Counterparty စနစ်ကိုသုံးတဲ့ Rare Pepe Wallet ကို မဖန်တီးခင်အထိ 4chan မှာ Good Boy Points လို့ခေါ်တဲ့ စိတ်ကူးယဉ်ငွေကြေးကိုသုံးပြီး တန်ဖိုးအဖြစ်သတ်မှတ်ခဲ့ပါတယ်။ Rare Pepe Wallet ကတော့ “ဘယ် Pepe မှ အခိုးမခံရ၊ အပွားမခံရဘူး” ဆိုတဲ့ အာမခံနဲ့စတင်ခဲ့ပြီး အခုအချိန်မှာတော့ US$11k အထိ တန်ဖိုးမြင့်တက်သွားပါပြီ။

အခြားနာမည်ကြီး Trading card game ဖြစ်တဲ့ Force of Will ကလည်း Counterparty နဲ့ ပူးပေါင်းပြီး အဆိုပါနှစ်မှာပဲ ဖွံ့ဖြိုးပေါ်ပေါက်လာတာပါ။ ဒါဟာ Blockchain ပေါ်မှာ ပိုင်ဆိုင်မှုတွေတင်ခြင်းရဲ့ တန်ဖိုးကိုထင်ရှားပေါ်လွင်စေပြီး တင်ရှားတဲ့ တိုးတက်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

2017 – CryptoPunks, Curio Cards, Cryptokitties, and Decentraland

၂၀၁၇ ခုနှစ်ကတော့ Cryptocurrency space မှာ အတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ Bitcoin ဟာ US$20k ATH ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး Ethereum ပလက်ဖောင်းရဲ့ ထင်ပေါ်ကျော်ကြားမှုကြီးထွားလာခြင်းကနေတွန်းအားပေးမှုကြောင့် သိသာထင်ရှားတဲ့ NFT project သစ်များစွာလည်း ဖော်ဆောင်လာခဲ့ပါတယ်။

ဒီ Project တွေထဲကတစ်ခုက Larva Lab က CryptoPunks ဖြစ်ပြီး Ethereum blockchain မှာ ထူးခြားဇာတ်ကောင် ၁ သောင်း ပါဝင်ဖန်တီးထားပါတယ်။ ကနဦးတုန်းကတော့ Ethereum wallet ရှိသူတွေကို အခမဲ့ပေးဝေခဲ့ပါတယ်။ လူကြိုက်အများဆုံး OG NFTs တွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ CryptoPunks ဇာတ်ကောင်တစ်ခုစီဟာ အခုအချိန်မှာ ကြီးမားတဲ့တန်ဖိုးသတ်မှတ်မှုကိုယ်စီနဲ့ဖြစ်နေကြပြီး ဈေးအကြီးဆုံးက US$11 သန်း ဖြစ်နေပါပြီ။

ဒီနှစ်ထဲမှာလည်း နာမည်ကျော် CryptoKitties ကို Ethereum မှာ စတင်ဖြန့်ချိခဲ့ပြီး ကွန်ရက်ကြီးတစ်ခုလုံးမှာ အရောင်းအဝယ်ပြုလုပ်မှုဟာ သာမန်ထက် ၆ ဆလောက်များပြားခဲ့ပါတယ်။ CryptoKitties တိုင်းကလည်း ဂဏန်း ၆ လုံးလောက်အထိကို တန်ဖိုးသတ်မှတ်ချက်ရှိနေတဲ့ NFT ဖြစ်နေပါတော့တယ်။

၂၀၁၇ ခုနှစ်ထဲမှာပဲ အပြောင်မြောက်ဆုံး ဒီဂျစ်တယ်လက်ရာတွေအတွက် အွန်လိုင်းအနုပညာပြခန်းနဲ့ ပြပွဲ Curio Cards ကို Ethereum မှာ စတင်ခဲ့ပါတယ်။ ဒီစီမံကိန်းက အနုပညာလက်ရာတွေရဲ့ ဖန်တီးမှုနဲ့ပိုင်ဆိုင်မှုတွေအတွက် စံနမူနာသစ်တစ်ခုကိုဖန်တီးဖို့ ရည်ရွယ်ထားပြီး၊ အနုပညာရှင်တွေဟာ ရှားပါးစုဆောင်းနိုင်တဲ့ အနုပညာလက်ရာတွေကိုဖန်တီးဖို့၊ သူတို့ရဲ့လုပ်ငန်းအတွက် တိုက်ရိုက်အခကြေးငွေရယူဖို့၊ နည်းလမ်းသစ်တွေနဲ့စုဆောင်းသူတွေကို အပြန်အလှန်ဆက်ဆံနိုင်ဖို့ စတာတွေပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ဒီဂျစ်တယ်အနုပညာလက်ရာတွေအတွက် စံနမူနာသစ်ဖန်တီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Decentraland ကလည်း အဆိုပါနှစ်ထဲမှာပဲ အခြားထင်ရှားတဲ့နာမည်တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူတွေက သူတို့ပိုင်ဆိုင်တဲ့ Virtual world မှာ ဖန်တီးနိုင်၊ စူးစမ်းလေ့လာနိုင်ဖို့နဲ့ ရောင်းဝယ်ဖောက်ကားဖို့ ဖြစ်ပါတယ်။ Decentralnd ဂေဟစနစ်ဟာ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ NFT တွေချည်းပဲဖြစ်ပါတယ်။

2018 – Axie Infinity

၂၀၁၈ ခုနှစ်မှာ လူကြိုက်များလွန်းတဲ့ Play-to-earn NFT game Axie Infinity ကို စတင်ဖြန့်ချိခဲ့ပါတယ်။ Pokemon-inspired universe လည်းဖြစ်ပါတယ်။ ဂီယာအစိတ်အပိုင်းတိုင်း၊ Monster တိုင်းဟာ ဈေးကွက်ထဲမှာရောင်းချနိုင်တဲ့ NFT တွေဖြစ်ကြပါတယ်။ ကျွမ်းကျင်တဲ့ ဂိမ်းကစားစွမ်းရည်ကတစ်ဆင့် သုံးစွဲသူတွေကို Real-world value (ပြင်ပကမ္ဘာမှာလက်ရှိသတ်မှတ်တန်ဖိုး) နဲ့ တိုကင်တွေကို ရယူခွင့်ပြုထားတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ အလုပ်လက်မဲ့ပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့် Covid ကာလဟာ သူ့ရဲ့ကျော်ကြားမှုကို မြင့်တက်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်လာပါတော့တယ်။

2019 – CryptoKicks

၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ Nike ဟာ “CryptoKicks” အတွက် မူပိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။ NFT နဲ့ ရုပ်ဝတ္ထုပစ္စည်းဖြစ်တဲ့ ဖိနပ်ကို တွဲဖက်ခြင်းကို ရည်ညွှန်းတဲ့ သင်္ကေတတစ်ခု ဖြစ်လာပါတယ်။ Ethereum မှာ Exclusive pairs ပိုင်ဆိုင်မှုကို ပြသပါတယ်။

တစ်ချို့က ဘာကြောင့်သူတို့ရဲ့ Nikes ပေါ်က NFT-ing အတွက် ကရိကထများနေရသလဲဆိုတာကို သဘောမပေါက်နိုင်သေးဘူးဆိုရင် Solid Gold OVO x Air Jordans ရဲ့ တန်ဖိုး $2 သန်း ဆိုတာကိုသိရင် သဘောပေါက်သွားပါလိမ့်မယ်။ ဒီလိုဈေးကြီးတဲ့ Nike ဖိနပ်မျိုး ဘယ်လောက်ထုတ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားရင် ဒီ Project ဟာ အံ့အားသင့်စရာ မဟုတ်တော့ပါဘူး။

ဖိနပ်ပိုင်ဆိုင်မှုကို အသိအမှတ်ပြုခြင်းအပြင် နောက်ထပ်အပိုဆောင်းဆုတစ်ခုက ဒီ NFT တွေဟာ အရောင်တွေ၊ ဒီဇိုင်းတွေနဲ့ Style တွေအပါအဝင် အတွဲအဖက်တိုင်းနဲ့သက်ဆိုင်တဲ့ တိကျတဲ့ “genotype” အချက်အလက်တွေကို မှတ်တမ်းတင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ ရလဒ်ကတော့ ပိုင်ရှင်တွေဟာ ထုတ်လုပ်နိုင်တဲ့ Clone အရေအတွက်ကို ကန့်သတ်နိုင်သလို CryptoKitties လိုမျိုး ဖိနပ်ပုံစံတွေကို ပေါင်းစပ်နိုင်မဲ့ တတိယပုဂ္ဂိုလ်တွေကို လုပ်ပိုင်ခွင့်တွေ သတ်မှတ်ပေးနိုင်ပါတယ်။

2020 – NBA Top Shot

Nike က ဖိနပ်စုဆောင်းသူတွေအတွက် လမ်းဖောက်နေသလိုပဲ၊ အားကစားပစ္စည်းထုတ်လုပ်ရေးနယ်ပယ်ကလည်း ဒီလမ်းအတိုင်းလိုက်လာမယ်လို့ ယုံကြည်ရပါတယ်။ NFT ဈေးကွက်ထဲကို နောက်ထပ်ယူဆောင်လာတာက NBA fanatics နဲ့ NBA collectible card ပါပဲ။

Dapper Labs နဲ့ ပူးပေါင်းတီထွင်ထားတဲ့ NBA Top Shot ဟာ Ethereum-based virtual marketplace တစ်ခုဖြစ်ပြီး NBA fan တွေအနေနဲ့ တရားဝင် NBA နဲ့ WNBA Digital Moments အရ NFTs တွေအနေနဲ့ ပေးချေနိုင်၊ စုဆောင်းနိုင်၊ ရောင်းဝယ်၊ လဲလှယ်နိုင်ပါတယ်။

Virtual trading card တွေမှာ ပိုင်ရှင်တွေအနေနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုကို Blockchain ပေါ်မှာ တင်ပြီးသိမ်းထားနိုင်တဲ့ တရားဝင် Individual NBA ပါဝင်ပါတယ်။ Virtual ကတ်တွေရဲ့အလားအလာဟာ အခြားဝါသနာရှင်တွေကနေ မယုံနိုင်စရာဈေးနှုန်းတွေနဲ့ ကမ်းလှမ်းလာမဲ့ အလားအလာရှိတယ်ဆိုတာကို သံသယဖြစ်စရာမရှိပါဘူး။

2021

၂၀၂၁ ခုနှစ်ကတော့ NFTs ရဲ့ ရွှေခေတ်စတင်ပြီလို့ ဆိုနိုင်ပါတယ်။ ထင်ရှားတဲ့ ဒီဂျစ်တယ်အနုပညာတွေ၊ Crypto ပိုင်ဆိုင်မှုတွေနဲ့ အံ့သြစရာအရာဝတ္ထုတွေအားလုံးဟာ NFT အဖြစ်ကိုပြောင်းလဲသွားပြီး မျက်လုံးပြူးစရာတန်ဖိုးတွေကိုလည်း ဖန်တီးလာကြပါတယ်။
RedFOX Lab ပိုင်ဆိုင်တဲ့ Metaverse RFOX VALT က Shop တိုင်း၊ Asset တိုင်းနဲ့ ဂေဟစနစ်ထဲက အခြေခံအရာအားလုံးဟာ NFT တွေ ဖြစ်ကြပါတယ်။ RFOX VALT ဟာ မကြာသေးခင်ကပဲ Callinova မှာ လုထုကြားထဲ အရောင်းဆိုင် ၂၅ ဆိုင်နဲ့ ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာမှာ Shop တစ်ခုဟာ US$ 129,716.58 နဲ့ အံ့အားသင့်စရာလေလံဈေးနှုန်းဖြစ်ခဲ့ပါတယ်။

ပြောခဲ့သမျှ NFT တွေအကြောင်းလောက်နဲ့ စိတ်မဝင်စားသေးဘူးဆိုရင်တော့ ပြီးခဲ့တဲ့ မတ်လထဲမှာပဲ Twitter CEO Jack Dorsey က သူ့ရဲ့ ပထမဆုံး Tweet ကို NFT အနေနဲ့ ရောင်းချတာဟာ US$2.9 သန်း ရရှိခဲ့တယ်ဆိုတာကိုလည်း ထပ်ပြီးပြောပြချင်ပါသေးတယ်။ Nyan Cat meme က US$ 580k နဲ့ ရောင်းခဲ့ရပြီး၊ Doge meme ကတော့ US$ 4 သန်းတန်ခဲ့ပါတယ်။ CryptoPunk #7523 ကတော့ US$11.7 သန်းနဲ့ ဈေးပိတ်သိမ်းခဲ့ပါတယ်။ နောက်ထပ်စာရင်းဝင်တွေလည်း ဆက်ရှိနေပါသေးတယ်။

Satoshi Nakamoto က Bitcoin နဲ့ Blockchain နည်းပညာကို မိတ်ဆက်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းက Cryptocurrencies ဟာ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေကို တော်လှန်လာတာနဲ့အမျှ NFTs တွေရဲ့ တန်ဖိုးကို ဖန်တီးတာ၊ တန်ဖိုးကိုအသိအမှတ်ပြုတာနဲ့ သေဆုံးခြင်းမရှိတဲ့ပိုင်ဆိုင်မှုတွေအတွက် လက်ရှိနည်းလမ်းတွေကိုလည်း ဆက်လက်ပြင်ဆင်နေတာဖြစ်ပါတယ်။

NFTs ဟာ အနုပညာရှင်တွေကို ချီးမြှောက်တာ၊ စုဆောင်းသူတွေကိုလှုံ့ဆော်ပေးတာနဲ့ ဖန်တီးသူတွေအားလုံးအတွက် နေရာတစ်ခုအဖြစ် အဆင့်သတ်မှတ်ခြင်းကို အတိုင်းအတာတစ်ခုအထိတွန်းပို့လာနိုင်လို့ ယုံကြည်ရပါတယ်။ NFTs တွေဟာ သူ့တို့ရဲ့အလားအလာတွေကို ကမ္ဘာကြီးဆီပြသခဲ့ပြီးဖြစ်တာကြောင့် အခုအချိန်က သူတို့ဟာ ဘယ်အထိရောက်အောင်ခရီးဆက်နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: RFOXMEDIA