Samsung Galaxy Z Fold3 ဟာ S Pen ထောက်ပံ့တဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် Backwards Compatibility မထောက်ပံ့ပါဘူး။ သဘောကတော့ အဲဒီ S Pen Fold Edition ကို Foldable မဟုတ်တဲ့ တခြား Galaxy စမတ်ဖုန်းတွေမှာ အသုံးပြုလို့ မရပါဘူး။ ဥပမာအနေနဲ့ Galaxy S21 Ultra မှာ အဲဒီ S Pen Fold Edition ကို သုံးလို့ ရမှာ မဟုတ်ပါဘူး။ ဖုန်းက S Pen ကို အာရုံခံနိုင်ပေမယ့် အလုပ်ကောင်းကောင်း မလုပ်ပါဘူး။ ဒါပေမယ့် Eraser Mode ကိုတော့ အသုံးပြုလို့ရပါတယ်။

The S Pen Fold Edition fits inside the special case for the Galaxy Z Fold3

Samsung Galaxy Z Fold3 မှာလည်း တခြား S Pen တွေကို အသုံးပြုလို့ မရဘဲ S Pen Fold Edition နဲ့ S Pen Pro ၂ ခုပဲ အသုံးပြုလို့ ရပါတယ်။ Galaxy S21 Ultra မှာ S Pen Pro ကို မှန်ကန်တဲ့ Mode နဲ့ အသုံးပြုလို့ရတာတွေ့ရပါတယ်။

The S Pen Pro was a switch to select Z Fold and regular modes

သင့်မှာ Galaxy Z Fold3 လို S Pen သုံးနိုင်တဲ့ Device များစွာ ရှိပြီး ဒစ်ဂျစ်တယ် ဘောပင် ၁ ချောင်း ဝယ်ယူချင်ရင် Pro မော်ဒယ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ S Pen Fold Edition မှာ မပါတဲ့ Blutooth လည်း S Pen Pro မှာ ထည့်သွင်းထားပါတယ်။

နောက်သတင်း ၁ ပုဒ်ကို ပြောရရင် Samsung ဟာ Galaxy Z Fold3 ရဲ့ S Pen အသုံးဝင်ပုံကို ပြသထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ S Pen က User Experience ကို တိုးတက်စေတဲ့ အကြောင်းကို အသားပေးပြသထားပြီး အလုပ်တွေ လျှင်လျှင်မြန်မြန် လုပ်နိုင်မှာပါ။

Ref : gsmarena