Samsung ဟာ လာမယ့်သြဂုတ်လ ၁၁ ရက်နေ့မှာ Galaxy Unpacked Event ကိုပြုလုပ်သွားမှာဖြစ်ပြီး Galaxy Z Fold 3 ၊ Galaxy Z Flip 3 အပါအဝင် Product အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ Galaxy Z Fold 3 ဟာ အကောင်းဆုံး Product ဖြစ်လာမှာဖြစ်ပြီး ယခုနှစ်အတွက် Galaxy Note Series နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ဖုန်းလည်းဖြစ်ပါတယ်။

ဒီလိုမျိုး Galaxy Z Fold 3 ကို Galaxy Note Series အစားထိုးမှာဖြစ်တဲ့အတွက် Samsung ကနေ S Pen Support ကိုပါ Galaxy Z Fold 3 ဖုန်းအတွက် ယူဆောင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Z Fold 3 ဟာ Foldable Ultra-thin Glass Display ကို အသုံးပြုထားတဲ့အတွက် သာမန် S Pen ကိုပဲ အသုံးပြုရမှာတော့မဟုတ်ပါဘူး။

အဲ့ဒီအစား Samsung ကနေ Galaxy Z Fold 3 အတွက် S Pen ကို ၂ မျိုး မိတ်ဆက်လာမှာဖြစ်ပြီး ပုံမှန် S Pen Fold Edition အပြင် S Pen Pro ကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ S Pen Pro ဟာ အရွယ်အစားအရလည်း ပိုကြီးမားသလို စျေးနှုန်းအနေနဲ့လည်း နောက်ဆုံးသိရတဲ့သတင်းတွေအရ ယူရို ၇၀ ဝန်းကျင်ကျသင့်မှာဖြစ်ပြီး ပုံမှန် S Pen ထက် ၂ ဆနီးပါ ပိုစျေးကြီးနိုင်တယ်လို့ သိရပါတယ်။ အဆိုပါ S Pen Stylus တွေဟာ Galaxy Z Fold 3 ဖုန်းအပြင် Galaxy S21 Ultra ၊ Galaxy Note 20 Ultra ၊ Note 20 ၊ Note 10 Lite ၊ Galaxy Tab S7+ ၊ Galaxy Tab S7 ၊ Galaxy Tab S7 SE နဲ့ Galaxy Tab S6 တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

S Pen Pro ဟာဆိုရင် Tip Size အနေနဲ့ 0.7mm ရှိမှာဖြစ်ပြီး Pressure Sensitivity အနေနဲ့ 4096 Levels အထိရှိမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Galaxy Z Fold 3 ရဲ့ Display ကို အသုံးပြုနေတဲ့အချိန်မှာ ထိခိုက်မှုမရှိအောင် အထူးပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါ S Pen Pro ကို Galaxy Z Fold 3 မှာ သိမ်းဆည်းထားနိုင်ဖို့အတွက် နေရာကတော့ သီးသန့်ပါဝင်မှာမဟုတ်ဘဲ အသုံးပြုသူတွေအနေနဲ့ Samsung ရဲ့ Phone Case တွေ သို့မဟုတ် S Pen Slot ပါဝင်တဲ့ Third-party Case တွေကို ဝယ်ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

Ref – Gizmo China