[Zawgyi]





Ref : gsmarena

[Unicode]

Samsung Galaxy Fold ရဲ့ Marketing Campaign ကို စဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆို

Samsung Galaxy Fold ကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းများ မကြာခဏ ထွက်နေပါတယ်။ သိပ်မကြာခင်ကလည်း ကုမ္ပဏီဟာ သူ့ရဲ့ ဒီဇိုင်းကို ပြင်ဆင်ပြီးပြီ ဖြစ်ပြီး ပြင်ပ ကမ္ဘာမှာ စမ်းသပ်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Galaxy Fold ရဲ့ Marketing Campaign ကို စဖို့ ပြင်ဆင်နေပြီလို့ သတင်းထွက်လာပါတယ်။

Galaxy Fold ကို ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ ဒါပေမယ့် ဇူလိုင်လမှာ ရောင်းချဖို့အတွက်တော့ အရမ်းနောက်ကျနေပါပြီ။ Huawei က Mate X ကို တရုတ်မှာ မကြာခင်နဲ့ ကမ္ဘာအဝန်းမှာ စက်တင်ဘာလမှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Samsung ဟာ Huawei ကို နောက်ကောက်ချချင်ရင်တော့ မြန်မြန်လုပ်ဖို့ လိုနေပါတယ်။

Samsung က သြဂုတ်လ ၇ ရက်မှာ Galaxy Note 10 Unpacked Event ကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ Galaxy Fold ရဲ့ သတင်းအချက်အလက်များကို ကုမ္ပဏီက ပြောကြားနိုင်ပါတယ်။ အားလုံးကလည်း ဒီသတင်းကို စိတ်ဝင်စားနေကြပါတယ်။

Samsung က Reviewers များအား Galaxy Fold ကို စမ်းသပ် အသုံးပြုခွင့်ပေးခဲ့တဲ့ အချိန်မှာ ပြဿနာများ ရှိခဲ့ပါတယ်။ Screen Protector ကို ဖယ်ရှားလိုက်တဲ့ အခါမှာ မျက်နှာပြင် နှစ်ခုရဲ့ အဆက်နဲ့ မျက်နှာပြင်ဟာ ကွဲအက်ခြင်းများ ဖြစ်ခဲ့ပါတယ်။ ဆမ်ဆောင်းက အဲဒီ အလုံးများကို ပြန်လည် သိမ်းယူခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါတယ်။ Galaxy Fold ကို ရောင်းချမယ့် အချိန်ကိုလည်း နောက်ဆုတ်လိုက်ရပါတယ်။ အခုတော့ သူ့ကို ရောင်းချဖို့ အရမ်းကို နီးစပ်နေပါပြီ။

Ref : gsmarena