Samsung က Galaxy Note20 Series တွေကို ပူပူနွေးနွေး ကြေညာထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ IceUniverse က Samsung Galaxy Note20 Ultra ဟာ ရိုးရိုး မော်ဒယ်ထက် ရောင်းအား ၁၀ ဆလောက်ပိုကြမ်းနေတာကို တွေ့ရှိခဲ့ပါတယ်။

JD.com က ရောင်းအားကို တွက်ချက်ထားတာ ဖြစ်ပြီး အဲဒီ အွန်လိုင်းစတိုးမှာ ရောင်းချရတဲ့ အလုံး အရေအတွက်ကို ပြသထားပါတယ်။ Samsung Galaxy Note20 Ultra ဟာ လက်ရှိမှာ အလုံးရေ ၂,၂၀၀ နဲ့ Galaxy Note20 ဟာ အလုံးရေ ၂၀၀ လောက် ရောင်းချထားပါတယ်။

ဒါတောင် အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ဈေးက တော်တော်ကွာနေတာ ဖြစ်ပြီး Samsung Galaxy Note20 Ultra ကို ၉,၂၀၀ ယွမ်နဲ့ ရိုးရိုးမော်ဒယ်ကို ၇,၄၀၀ ယွမ် သတ်မှတ်ထားတာဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၈ သိန်းနဲ့ ၁၄ သိန်းလောက် အသီးသီး ကျသင့်ပါတယ်။ စွမ်းရည်ပိုမြင့်တဲ့ မော်ဒယ်ဟာ ဈေးပိုကြီးပေမယ့် လူတွေ ပိုကြိုက်နေကြပါတယ်။

ဈေးကွက်လေ့လာဆန်းစစ်သူတွေက အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ ရောင်းအားကို စောင့်ကြည့်နေကြပြီး မကြာခင်မှာ ဘယ်မော်ဒယ်ကို လူပိုကြိုက်လဲဆိုတာ ထင်ထင်ရှားရှား သိလာရတော့မှာပါ။ အနောက်နိုင်ငံတွေမှာလည်း Ultra ဟာ ရိုးရိုး မော်ဒယ်ထက် ရောင်းအား ၁၀ ဆ ပိုကောင်းမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena