ကိုရိုနာဗိုင်းရက်စ်ကြောင့် စမတ်ဖုန်း ရောင်းအားတွေ ကျနေပါတယ်။ ဒါပေမယ့် Samsung Galaxy S20 Series ထဲက ဈေးအကြီးဆုံး မော်ဒယ် ဖြစ်တဲ့ Galaxy S20 Ultra ကတော့ မမှုပါဘူး။

Samsung Galaxy S20 Series တွေ ရောင်းအား သိပ်မကောင်းပေမယ့် Galaxy S20 Ultra ကတော့ ထင်ထားတာထက် ရောင်းအားကောင်းနေတယ်ဆိုတဲ့ သတင်းတွေ အရင် ထွက်ခဲ့ဖူးပါတယ်။ အခုလည်း Supplier Company ၁ ခုက Samsung ဟာ S20 Ultra မှာ ထည့်ထားတဲ့ 12MP Ultrawide အနောက်ကင်မရာနဲ့ 40MP ဆဲလ်ဖီး ကင်မရာကို တိုးမြှင့်ထုတ်လုပ်နေတယ်လို့ သတင်းပေးလိုက်ပါတယ်။ အဲဒီအတွက် Samsung ဟာ Galaxy S20 Ultra ကို တိုးမြှင့်ထုတ်လုပ်နေတယ်လို့ ထင်ရပါတယ်။

Galaxy S20 နဲ့ S20+ တို့ဟာ ဈေးပိုသက်သာတဲ့အတွက် ရောင်းအား ပိုကောင်းမယ်လို့ လေ့လာဆန်းစစ်သူ တချို့က ပြောနေကြပါတယ်။ ဒါပေမယ့် ဈေးသက်သာတာဟာ အမြဲတမ်း အရေးကြီးတာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ Galaxy S20 Ultra ဟာ ဒေါ်လာ ၁၄၀၀ ရှိပြီး မြန်မာငွေ သိန်း ၂၀ လောက်တောင်ရှိပါတယ်။

Ref : gsmarena