Samsung Galaxy S22 စီးရီးနဲ့ပတ်သက်ရင် အငြင်းအခုံဖြစ်နေရတာက ကင်မရာပိုင်းဆိုင်ရာမှာပါ။ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကတော့ Galaxy S22 Ultra မှာ 3x နဲ့ 10x Zoom ကင်မရာတွေပါလာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိသိရသလောက်ကတော့ Galaxy S22 စီးရီးမှာ Under-display camera ကို မျှော်လင့်လို့မရသေးဘူး ဆိုတာပါပဲ။

Samsung ဟာ သူ့ရဲ့ UDC နဲ့ ပထမဆုံး စမတ်ဖုန်းကို ဖြန့်ချိခဲ့ပြီးပါပြီ။ ဒါပေမဲ့ 4MP resolution နဲ့ပဲ ရိုက်ကူးနိုင်တာဖြစ်ပြီး ဗီဒီယိုခေါ်ဆိုမှုအတွက်ပဲ ရည်ရွယ်ခဲ့တာလို့ ဆိုရပါမယ်။ အကယ်၍ Z Fold3 နဲ့ Selfie ရိုက်ချင်ရင် Cover display က 10 MP ကင်မရာကို အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ဖုန်းကိုဖွင့်ပြီး အဓိကကင်မရာကို အသုံးပြုပြီး ရိုက်ယူရင်လည်း ရပါတယ်။

သတင်းထွက်နေတာကတော့ Galaxy S22 နဲ့ S22+ တွေမှာ သူတို့ရဲ့ကျောဘက်ကင်မရာတွေကို အဆင့်မြှင့်တင်လာမယ်ဆိုတာပါပဲ။ 50MP အဓိက Sensor အပါအဝင် 3x optical magnification နဲ့ 12MP tele ကင်မရာ (Focal length အရှင်နဲ့ဖြစ်နိုင်)၊ 12MP ultra-wide ကင်မရာတို့ ဖြစ်ပါလိမ့်မယ်။ အကယ်၍ Selfie ကင်မရာဟာ Punch-hole နဲ့ 10MP ယူနစ်ပဲ ဖြစ်မယ်ဆိုရင်တောင် အတော်များများကတော့ ဒီကင်မရာပိုင်းဆိုင်ရာပြောင်းလဲမှုကို နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

Galaxy S22 Ultra ဟာ ရှေ့ကမျိုးဆက်ထက် ပိုပြီးအဆင့်မြင့်လာတဲ့ကင်မရာတပ်ဆင်မှုတွေ မြင်တွေ့ရပါလိမ့်မယ်။ နှစ်မျိုးစလုံးမှာတော့ Continuous zoom functionality တွေ ပါဝင်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ တစ်ခုက 3x ကစပြီး၊ နောက်တစ်ခုကတော့ 10x ဖြစ်ပါလိမ့်မယ်။ သူတို့နဲ့အတူ ပိုကြီးမားတဲ့ Sensor နဲ့ 12MP resolution ကိုလည်း ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ အဓိကနဲ့ Ultra-wide ကင်မရာတွေမှာတော့ Tweaks အနည်းငယ်ရှိမယ်လို့ သိရပါတယ်။

Ref: GSM Arena