[Unicode]

Samsung က ပြီးခဲ့တဲ့ ဧပြီလမှာ The Sero အမည်ရ Rotating TV ကို ကြေညာခဲ့ပါတယ်။ အဲဒီ TV ဟာ Microsoft Surface Hub 2 နဲ့ ဒီဇိုင်းတူပြီး Snapchat, Instagram Stories နဲ့ TikToks တို့လို စမတ်ဖုန်း အသားပေး Content တွေကို ဒေါင်လိုက် ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် သမားရိုးကျအတိုင်း အလျားလိုက်လည်း ကြည့်ရှုနိုင်ပါတယ်။ ဒေါင်လိုက် ကြည့်ဖို့ဟာ ခေတ်လူငယ်တွေအတွက် ဒီဇိုင်းထုတ် ဖန်တီးထားတာလို့ ကုမ္ပဏီက ပြောပါတယ်။

အခုကျင်းပနေတဲ့ CES မှာ Samsung က Sero ကို အမေရိကန်မှာ ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ ၄၃ လက်မ TV ဖြစ်ပြီး 4K မျက်နှာပြင် ပါပါတယ်။ Stand မှာ 60-watt စပီကာတွေ ထည့်သွင်းထားပါတယ်။ ဘီးတပ်ဆင်နိုင်ပြီး အခန်း ၁ ခုကနေ တခြား ၁ ခုကို လွယ်ကူစွာ ရွှေ့နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေကနေ ဒေါင်လိုက် ဗီဒီယိုတွေ ရိုက်ကူးတာ များပြားလာတဲ့အတွက် ဒေါင်လိုက် ပြောင်းနိုင်တဲ့ TV ဒီဇိုင်းက လန်းပါတယ်။

စမတ်ဖုန်းနဲ့ TV ကို Sync လုပ်ပြီးတာနဲ့ ဖုန်းက Content တွေကို TV မှာ ကြည့်နိုင်ပါပြီ။ AirPlay နဲ့လည်း တွဲဖက် သုံးနိုင်တဲ့အတွက် iPhone ကိုင်သူတွေအတွက် သတင်းကောင်းပါ။ ဖုန်းရဲ့ Orientation ကို ပြောင်းလိုက်တိုင်း TV ကလည်း အလိုလို ပြောင်းပေးမှာ ဖြစ်ပါတယ်။ သဘောက ဖုန်းကို ဒေါင်လိုက်ကနေ အလျားလိုက် ပြောင်းလိုက်ရင် TV ကလည်း ဒေါင်လိုက်ကနေ အလျားလိုက် အလိုလို ပြောင်းသွားမှာပါ။ အပြန်အလှန်အားဖြင့်လည်း ဒီလိုပဲ အလုပ်လုပ်ပါတယ်။

TV မကြည့်တဲ့အချိန်မှာ Digital Photo Frame ဒါမှမဟုတ် နာရီလို အသုံးပြုနိုင်ပါတယ်။ အရွယ်ကြီး စပီကာလိုလည်း သုံးနိုင်ပါတယ်။ ကုမ္ပဏီက ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina

[Zawgyi]

Samsung က လူမႈကြန္ရက္ေတြကို ေဒါင္လိုက္ၾကည့္ရႈႏုိင္တဲ့ 4K TV ကို ျပသ

Samsung က ၿပီးခဲ့တဲ့ ဧၿပီလမွာ The Sero အမည္ရ Rotating TV ကို ေၾကညာခဲ့ပါတယ္။ အဲဒီ TV ဟာ Microsoft Surface Hub 2 နဲ႔ ဒီဇိုင္းတူၿပီး Snapchat, Instagram Stories နဲ႔ TikToks တို႔လို စမတ္ဖုန္း အသားေပး Content ေတြကို ေဒါင္လိုက္ ၾကည့္ရႈႏိုင္ပါတယ္။ ဒါ့အျပင္ သမားရိုးက်အတိုင္း အလ်ားလိုက္လည္း ၾကည့္ရႈႏုိင္ပါတယ္။ ေဒါင္လိုက္ ၾကည့္ဖို႔ဟာ ေခတ္လူငယ္ေတြအတြက္ ဒီဇိုင္းထုတ္ ဖန္တီးထားတာလို႔ ကုမၸဏီက ေျပာပါတယ္။

အခုက်င္းပေနတဲ့ CES မွာ Samsung က Sero ကို အေမရိကန္မွာ ေရာင္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ ၄၃ လက္မ TV ျဖစ္ၿပီး 4K မ်က္ႏွာျပင္ ပါပါတယ္။ Stand မွာ 60-watt စပီကာေတြ ထည့္သြင္းထားပါတယ္။ ဘီးတပ္ဆင္ႏိုင္ၿပီး အခန္း ၁ ခုကေန တျခား ၁ ခုကို လြယ္ကူစြာ ေရႊ႕ႏိုင္ပါတယ္။ ဒီေန႔ေခတ္မွာ စမတ္ဖုန္းေတြကေန ေဒါင္လိုက္ ဗီဒီယိုေတြ ရိုက္ကူးတာ မ်ားျပားလာတဲ့အတြက္ ေဒါင္လိုက္ ေျပာင္းႏိုင္တဲ့ TV ဒီဇိုင္းက လန္းပါတယ္။

စမတ္ဖုန္းနဲ႔ TV ကို Sync လုပ္ၿပီးတာနဲ႔ ဖုန္းက Content ေတြကို TV မွာ ၾကည့္ႏိုင္ပါၿပီ။ AirPlay နဲ႔လည္း တြဲဖက္ သံုးႏုိင္တဲ့အတြက္ iPhone ကိုင္သူေတြအတြက္ သတင္းေကာင္းပါ။ ဖုန္းရဲ႕ Orientation ကို ေျပာင္းလိုက္တိုင္း TV ကလည္း အလိုလို ေျပာင္းေပးမွာ ျဖစ္ပါတယ္။ သေဘာက ဖုန္းကို ေဒါင္လိုက္ကေန အလ်ားလိုက္ ေျပာင္းလိုက္ရင္ TV ကလည္း ေဒါင္လိုက္ကေန အလ်ားလိုက္ အလိုလို ေျပာင္းသြားမွာပါ။ အျပန္အလွန္အားျဖင့္လည္း ဒီလိုပဲ အလုပ္လုပ္ပါတယ္။

TV မၾကည့္တဲ့အခ်ိန္မွာ Digital Photo Frame ဒါမွမဟုတ္ နာရီလို အသံုးျပဳႏုိင္ပါတယ္။ အရြယ္ႀကီး စပီကာလိုလည္း သံုးႏိုင္ပါတယ္။ ကုမၸဏီက ေစ်းႏႈန္းနဲ႔ ေရာင္းမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။

Ref : gizmochina