Google က Android Go စမတ်ဖုန်းတွေနဲ့ စွမ်းရည်နိမ့် စမတ်ဖုန်းတွေမှာ လျှင်လျှင်မြန်မြန် အလုပ်လုပ်သလို ဘက်ထရီစားတာ သက်သာစေတဲ့ “Go” App တွေကို ဖန်တီးပေးထားပါတယ်။ “Go” App တွေရဲ့ ဖိုင်အရွယ်အစားကလည်း အရမ်းကို သေးငယ်တဲ့အတွက် Storage လည်း သက်သာစေပါတယ်။ ဒါ့အပြင် ဒေတာ စားသုံးမှုကလည်း တော်တော် နည်းပါတယ်။  အခုတော့ Gmail Go ကို Play Store မှာ ဒေါင်းလုပ်ပြုလုပ်တဲ့ အကြိမ်အရေအတွက် ၅ သန်းကျော်သွားပြီလို့ သိရတဲ့အတွက် တော်တော် လူသုံးများလာပါပြီ။

Gmail Go, Aplikasi Ringan namun Gahar - JurnalApps.co.id

Gmail Go ဟာ ပင်မ Gmail App လောက် လုပ်ဆောင်ချက် မများပေမယ့် Gmail အကောင့်များစွာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Search Tool ကလည်း စွမ်းရည်မြင့်မားပြီး Android Go Devices အားလုံးမှာ ကြိုတင် ထည့်သွင်းပေးထားပါတယ်။ Gmail Go ကို နိုင်ငံတိုင်းမှာတော့ အသုံးပြုလို့ မရသေးပေမယ့် လူသုံးအရမ်းများလာပါတယ်။ Google က နိုင်ငံပေါင်း ၁၈၀ က စွမ်းရည်နိမ့် Android စမတ်ဖုန်း ၈၀ ရာခိုင်နှုန်းမှာ Gmail Go ကို အသုံးပြုနေကြတယ်လို့ ပြောပါတယ်။

Google Umumkan Gmail Go Dapat Diunduh di Perangkat Android - JPNN.com

ဒါပေမယ့် Gmail Go ဟာ ပင်မ Gmail ရဲ့ ဒေါင်းလုပ် အရေအတွက်ကိုတော့ မယှဉ်နိုင်သေးပါဘူး။ ပင်မ Gmail ကို ဒေါင်းလုပ်ပြုလုပ်တဲ့ အရေအတွက်ဟာ ၅ ဘီလီယမ်ကျော်သွားပြီ ဖြစ်ပါတယ်။ Gmail Go ကို Google Play Store မှာ အင်စတောလုပ်လို့ မရသူတွေအတွက် APK Mirror မှာ ဒီလင့်ကနေ ရယူနိုင်ပါတယ်။ ဒါပေမယ့် သင့် စမတ်ဖုန်းမှာ Google Play Services ကို ထည့်သွင်းထားလို့ လိုအပ်ပါတယ်။

Ref : androidpolice