Snapdragon 875 ရဲ့ အလန်းဆုံး စွမ်းရည်က 100W Fast Charging ဖြစ်မယ်လို့ Digital Chat Station က သတင်းပေးလိုက်ပါတယ်။ Game ကစားတဲ့သူတွေအတွက် အရမ်းကို အဆင်ပြေမှာ ဖြစ်တဲ့အတွက် အရွယ်ကြီး ဘက်ထရီ ပါတဲ့ Gaming ဖုန်းတွေအတွက် အထူး ကောင်းမွန်မှာပါ။ Qualcomm က 875 ကို ဒီဇင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး နောက်နှစ် ပထမ ၃ လထဲမှာ ဖုန်းတွေမှာ ထည့်သွင်းနိုင်မှာပါ။ အဲဒီ Chip ကို 5nm Node အပေါ် အခြေပြုပြီး TSMC က အမြောက်အများ ထုတ်လုပ်ပေးမှာပါ။ ပင်မ Core အနေနဲ့ Cortex-X1 ကို သုံးထားနိုင်ပြီး အရွယ်ကြီး Core အတွက် Cortex-A77 ၃ လုံး ပါလာနိုင်ပါတယ်။

Qualcomm က နောက်လမှာ Snapdragon 865+ ကို ချပြနိုင်ပြီး လက်ရှိ S865 က 2.84GHz Clock Speed ထက် ပိုကောင်းတဲ့ 3.09GHz ပင်မ Core ပါလာမှာပါ။ 875 ဟ အရင်မျိုးဆက်ထက် ဈေးအရမ်းကြီးမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီ တချို့က 865+ ကို သုံးချင်နေကြပါတယ်။ Wireless Hardware အပါအဝင် Package ၁ ခုလုံးအတွက် 875 ဟာ ၂၅၀ ဒေါ်လာလောက်ရှိနိုင်ပြီး လက်ရှိ 865 ရဲ့ ၁၅၀‌-၁၆၀ ဒေါ်လာထက် ပိုများသွားမှာပါ။ Chip ချည်းပဲဆိုရင် 875 ဟာ ၁၃၀ ဒေါ်လာနဲ့ 865 ဟာ ၈၀ ဒေါ်လာ ရှိမှာပါ။

100W ကြောင့် ဈေးပိုကြီးသွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် 100W ကို ဖန်တီးနေတာ Qualcomm ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ တခြား ကုမ္ပဏီ တော်တော်များများဟာလည်း 100W ကို ဖန်တီးနေကြပါတယ်။ Xiaomi က ပြီးခဲ့တဲ့နှစ်တုန်းက ဒီနည်းပညာကို သရုပ်ပြခဲ့သလို Vivo ကလည်း 120W Super Flash Charge ကို ထုတ်ကြွားထားပါတယ်။ Samsung ကလည်း အားကျမခံ 100W USB-PD Chip ကို ကြေညာထားပါတယ်။

Ref : gsmarena