Google Play Store မှာ Productivity App များစွာ ရှိတဲ့အတွက် အကောင်းဆုံးတွေကို ရွေးချယ်ရတာ မလွယ်ကူလှပါဘူး။ ဒီဆောင်းပါးမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ User Rating အကောင်းဆုံး Productivity App တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Scan to PDF

  • Average Rating: 4.88
  • 5-Star Ratings: 93,164

Scan to PDF က သင့်ဖုန်းကို Portable Scanner အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ စာရွက်စာတမ်း၊ ဓါတ်ပုံတွေကို PDF or JPG ဖိုင်အဖြစ် အသွင်ပြောင်းပေးနိုင်ပါတယ်။ App မှာ ID Card, Passport , Document တွေလို အမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ လုပ်ဆောင်ချက် ပါလာပြီး သင့်တော်တဲ့ အရွယ်အစားကို ပြောင်းလဲပေးနိုင်ပါတယ်။

ခလုတ် ၁ ချက်နှိပ်လိုက်တာနဲ့ Image Quality ကို ကောင်းမွန်စေတဲ့ Filter များစွာ ထည့်သွင်းထားပြီး ဘာသာစကား ၁၅ ခုအထိ ထောက်ပံ့ထားပါတယ်။

Download

၂။ Free QR Scanner

  • Average Rating: 4.85
  • 5-Star Ratings: 202,767

Free QR Scanner က WiFi Network, Social Media App , URLs, Text, Books, Email , PayPal အပါအဝင် Barcodes နဲ့ QR Codes အမျိုးအစား အားလုံးကို Decode လုပ်ပေးနိုင်ပါတယ်။ Barcode Reader အပြင် QR Code Creator လည်း ပါပါတယ်။

App က သင့် Gallery ထဲက Image တွေမှာ ပါတဲ့ Codes တွေကို Scan လုပ်ပေးနိုင်ပြီး အင်တာနက် မရှိရင်တောင် အလုပ်လုပ်ပါတယ်။ အမှောင်ထဲမှာ Scan လုပ်နိုင်အောင် LED Flashlight လည်း ပံ့ပိုးပေးထားပါတယ်။

Download

၃။ To-Do List

  • Average Rating: 4.8
  • 5-Star Ratings: 69,296

To-Do List က နာမည်ကြီးသလို အမိုက်စား လုပ်ဆောင်ချက်တွေ ပါပါတယ်။ Work နဲ့ Personal အလုပ်တွေအတွက် Daily Task တွေကို မှတ်သားနိုင်ပါတယ်။ Category တွေနဲ့ မှတ်စုတွေကို ခွဲခြားပေးထားပြီး အရေးကြီးတဲ့ အလုပ်တွေကို ရှာဖွေရတာ လွယ်ကူပါတယ်။

အခမဲ့ သုံးနိုင်ပေမယ့် Pro Version ကို ဝယ်သုံးရင် Task Checklist တွေကို အကန့်အသတ် မရှိ အသုံးပြုနိုင်သလို Reminder တွေ ပိုကောင်းလာပါတယ်။ Themes များစွာ ပံ့ပိုးပေးထားပြီး သင့် စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Reminder မှာ Attachment တွေ ထည့်သွင်းနိုင်ပြီး Auto Backup လုပ်ဆောင်ချက် ပါပါတယ်။

Download

၄။ Resume Creator

  • Average Rating: 4.77
  • 5-Star Ratings: 56,086

Resume Creator က Professional Resume or CV တွေကို PDF Format အနေနဲ့ မိနစ်ပိုင်းအတွင်း ဖန်တီးပေးနိုင်ပါတယ်။ Template များစွာ ပံ့ပိုးပေးထားတဲ့အတွက် သင့် စိတ်ကြိုက် Resume ကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။

Fonts နဲ့ Font Sizes တွေကို ရွေးချယ်နိုင်ပြီး Image တွေ ထည့်သွင်းနိုင်ပါတယ်။ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို Highlight လုပ်နိုင်ပြီး Signature ထည့်သွင်းနိုင်ပါတယ်။

Download

Ref : makeuseof