[Unicode]

တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေအကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး၊ တဖြည်းဖြည်းနဲ့ အကောင်းဘက်ကို ဦးတည်လာပြီလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ဘက်ကလည်း တရုတ်အပေါ် ပိတ်ဆို့ထားမှုအချို့ကို ပြန်ပြီးဖြေလျော့လာဖွယ်ရှိတဲ့ အခြေအနေကို ရောက်လုပြီ ဖြစ်ပါတယ်။

ယူကေအစိုးရကတော့ နိုင်ငံရဲ့ 5G နဲ့ Gigabit-capable ကွန်ရက် ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ “မြင့်မားတဲ့စွန့်စားမှု” တွေ ပါဝင်နေပေမယ့်လည်း တင်းကြပ်တဲ့ကန့်သတ်စည်းမျဉ်းတွေအောက်မှာ ကွန်ရက်တည်ဆောက်ဖို့အတွက် ရောင်းသူတွေကို ကူညီနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ အမည်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း “မြင့်မားတဲ့စွန့်စားမှု” ဆိုတဲ့ အသုံးအနှုန်းဟာ ZTE နဲ့ Huawei ကုမ္ပဏီနှစ်ခုကို ရည်ညွှန်းတယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်အနေနဲ့ အမျိုးသားလုံခြုံရေးခေါင်းစဉ်ကိုစွဲကိုင်ပြီး သူ့ရဲ့မဟာမိတ်နိုင်ငံတွေအပေါ် Huawei နဲ့ ZTE တို့ရဲ့ ပစ္စည်းကိရိယာတွေ အသုံးမပြုဖို့ ဖိအားပေးခဲ့ပေမယ့် ဗြိတိန်ကတော့ အချို့သောအခြေအနေတွေမှာ Huawei ကို 5G ဖြန့်ကျက်မှုမှာ ပါဝင်ခွင့်ပြုမယ့် အလားအလာရှိနေပြီ ဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ 5G ကွန်ရက်တည်ဆောက်ရာမှာ Huawei ရဲ့ ပစ္စည်းကိရိယာကို ၃၅ ရာခိုင်နှုန်းထက် ပိုပြီး အသုံးပြုခွင့် ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ၊ စစ်အခြေစိုက်စခန်းလိုမျိုး အထိအခိုက်မခံနိုင်တဲ့ ပထဝီဝင်နေရာတွေမှာလည်း Huawei ရဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အထူးသဖြင့် ကွန်ရက်ရဲ့ “Core equipment” တွေမှာ Huawei ရဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: GSMArena

[Zawgyi]

5G ကြန္ရက္တည္ေဆာက္မႈမွာ Huawei ကို အကန႔္အသတ္နဲ႔ ခြင့္ျပဳေတာ့မယ့္ ၿဗိတိန္

တ႐ုတ္နဲ႔ အေမရိကန္တို႔ရဲ႕ ကုန္သြယ္ေရးစစ္ဟာ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြအၾကားေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၾကၿပီး၊ တျဖည္းျဖည္းနဲ႔ အေကာင္းဘက္ကို ဦးတည္လာၿပီလို႔ ဆိုႏိုင္ပါတယ္။ အေမရိကန္ဘက္ကလည္း တ႐ုတ္အေပၚ ပိတ္ဆို႔ထားမႈအခ်ိဳ႕ကို ျပန္ၿပီးေျဖေလ်ာ့လာဖြယ္ရွိတဲ့ အေျခအေနကို ေရာက္လုၿပီ ျဖစ္ပါတယ္။

ယူေကအစိုးရကေတာ့ ႏိုင္ငံရဲ႕ 5G နဲ႔ Gigabit-capable ကြန္ရက္ ဖြံ႕ၿဖိဳးမႈအတြက္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္လိုက္ၿပီ ျဖစ္ပါတယ္။ ဒီဆုံးျဖတ္ခ်က္မွာ “ျမင့္မားတဲ့စြန႔္စားမႈ” ေတြ ပါဝင္ေနေပမယ့္လည္း တင္းက်ပ္တဲ့ကန႔္သတ္စည္းမ်ဥ္းေတြေအာက္မွာ ကြန္ရက္တည္ေဆာက္ဖို႔အတြက္ ေရာင္းသူေတြကို ကူညီႏိုင္လိမ့္မယ္လို႔ ဆိုပါတယ္။

ၿဗိတိန္အစိုးရအေနနဲ႔ အမည္ကိုထုတ္ေဖာ္ေျပာဆိုျခင္းမရွိေပမယ့္လည္း “ျမင့္မားတဲ့စြန႔္စားမႈ” ဆိုတဲ့ အသုံးအႏႈန္းဟာ ZTE နဲ႔ Huawei ကုမၸဏီႏွစ္ခုကို ရည္ၫႊန္းတယ္လို႔ ဆိုႏိုင္ပါတယ္။ အေမရိကန္အေနနဲ႔ အမ်ိဳးသားလုံၿခဳံေရးေခါင္းစဥ္ကိုစြဲကိုင္ၿပီး သူ႔ရဲ႕မဟာမိတ္ႏိုင္ငံေတြအေပၚ Huawei နဲ႔ ZTE တို႔ရဲ႕ ပစၥည္းကိရိယာေတြ အသုံးမျပဳဖို႔ ဖိအားေပးခဲ့ေပမယ့္ ၿဗိတိန္ကေတာ့ အခ်ိဳ႕ေသာအေျခအေနေတြမွာ Huawei ကို 5G ျဖန႔္က်က္မႈမွာ ပါဝင္ခြင့္ျပဳမယ့္ အလားအလာရွိေနၿပီ ျဖစ္ပါတယ္။

ၿဗိတိန္အစိုးရဟာ 5G ကြန္ရက္တည္ေဆာက္ရာမွာ Huawei ရဲ႕ ပစၥည္းကိရိယာကို ၃၅ ရာခိုင္ႏႈန္းထက္ ပိုၿပီး အသုံးျပဳခြင့္ ကန႔္သတ္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံေတြ၊ စစ္အေျခစိုက္စခန္းလိုမ်ိဳး အထိအခိုက္မခံႏိုင္တဲ့ ပထဝီဝင္ေနရာေတြမွာလည္း Huawei ရဲ႕ ပစၥည္းကိရိယာေတြကို အသုံးျပဳသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အထူးသျဖင့္ ကြန္ရက္ရဲ႕ “Core equipment” ေတြမွာ Huawei ရဲ႕ ပစၥည္းကိရိယာေတြကို အသုံးျပဳသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

Ref: GSMArena